Connect with us

Hi, what are you looking for?

သတင်း

မြောက်ဒဂုံမြို့နယ်ရှိ စစ်ကောင်စီ၏ဘန်ကာ ပစ်ခတ်တိုက်ခိုက်ခံရ

လက်ရှိတွင် မြောက်ဒဂုံမြို့နယ်ရှိလမ်းမများပေါ်၌ စစ်ကောင်စီတပ်က ရဲကားသုံးစီးအပါအဝင် အိမ်စီးကားများဖြင့် ကင်းလှည့်နေသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြသည်။

(ရန်ကုန်မြို့ရှိ စစ်ကောင်စီတည်ဆောက်ထားသည့် ဘန်ကာများအား တွေ့ရစဥ်)
(ရန်ကုန်မြို့ရှိ စစ်ကောင်စီတည်ဆောက်ထားသည့် ဘန်ကာများအား တွေ့ရစဥ်)

ရန်ကုန်မြို့ မြောက်ဒဂုံမြို့နယ်ရှိ စစ်ကောင်စီ၏ ဘန်ကာ ပစ်ခတ်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြော သည်။

ယနေ့(ဇူလိုင် ၁၄) နံနက် ၆ နာရီခန့်က အမှတ် (၂)လမ်းမကြီးနှင့် အနော်ရထာလမ်းထောင့်ရှိ ဘန်ကာကို သေနတ်ဖြင့် ၁၀ချက်ထက်မနည်း ပစ်ခတ်ခံခဲ့ရသည်ဟု ဆို သည်။

“မနက်အစော အလုပ်သွားဖို့ပြင်နေတုန်း ကြားတဲ့ သေနတ်သံ ၁၀ချက်ကျော်တယ်။နောက်ဆက်တွဲတော့ မသိရသေးဘူး”ဟု မြောက်ဒဂုံ (၁၆)ရပ်ကွက်တွင် နေထိုင်သူက လူထုနွေဦးသို့ ပြောသည်။

လက်ရှိတွင် မြောက်ဒဂုံမြို့နယ်ရှိလမ်းမများပေါ်၌ စစ်ကောင်စီတပ်က ရဲကားသုံးစီးအပါအဝင် အိမ်စီးကားများဖြင့် ကင်းလှည့်နေသည်ဟုလည်း ဒေသခံသတင်းရင်းမြစ်များက ဖော်ပြသည်။

Public Service Announcement

Public Service Announcement

(ရန်ကုန်မြို့ရှိ စစ်ကောင်စီတည်ဆောက်ထားသည့် ဘန်ကာများအား တွေ့ရစဥ်)
(ရန်ကုန်မြို့ရှိ စစ်ကောင်စီတည်ဆောက်ထားသည့် ဘန်ကာများအား တွေ့ရစဥ်)

“ပစ်တဲ့သူတွေကတော့ လွတ်တယ်လို့သိရတယ်။ စခ တွေဘက်က အထိအခိုက်ရှိ၊မရှိမသိရသေးပေမယ့် ကင်းပုန်းဝပ်နေတာတွေတော့ မြို့တွင်း မှာတော်တော်များများ တွေ့ရတယ်”ဟု မြောက်ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက အသိပေးသည်။

အဆိုပါ ဘန်ကာအား မည်သည့်အဖွဲ့က ပစ်ခတ်တိုက်ခိုက်သည်ကို မသိရ​သေး​ပေ။

ထို့အပြင် သမိုင်းလမ်းဆုံရှိ ရဲကင်းအပါအဝင် ရန်ကုန်မြို့ရှိ ယာဥ်ထိန်းရဲကင်းအချို့ တိုက်ခိုက်ခံရပြီးနောက် လမ်းဆုံလမ်းခွများနှင့်မီးပွိင့်များတွင် စစ်ကောင်စီတပ်က နှစ်ထပ် RC ခံတပ်အဆောက်အအုံများကို တစ်မြို့လုံးအတိုင်းအတာဖြင့် ယခုနှစ်ဆန်းပိုင်းကစ၍ တည် ဆောက်ခဲ့သည်။

သို့သော်လည်း ယခုဖြစ်စဥ်မတိုင်မီကပင် သာကေတနှင့် မရမ်းကုန်းမြို့နယ်ရှိ ဘန်ကာအသစ်များမှာ မြို့ပြပြောက်ကျားအဖွဲ့များက တိုက်ခိုက်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။