Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ရေတာရှည်မြို့နယ် ရွာတစ်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ် ခုနစ်ဦးခန့်သေ

ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း ရေတာရှည်မြို့ နယ် စည်ပိုင်းရွာဘက်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့မှ လက် နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်း ဆုတ်ခွာသွားခဲ့သည်။

(PDFပူး​ပေါင်းအဖွဲ့မှ ရဲ​ဘော်များအား ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)
(PDFပူး​ပေါင်းအဖွဲ့မှ ရဲ​ဘော်များအား ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာတစ်ရွာ၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းသား ရေတာရှည် PDFတပ်ဖွဲ့က ယနေ့(ဇူလိုင် ၁၆) ထုတ်ပြန်သည်။

ယနေ့နံနက် ၁၀နာရီခန့်က ရေတာရှည်မြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စု ရေတာရှည်လေးကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သား၂၅ ဦးခန့်အား သံတောင်မြောက်ပိုင်းအထူးဒေသ NTDFအဖွဲ့ ၊ နေပြည်တော် PDF နှင့် ဒေါင်းမင်းသား ရေတာရှည် PDF ပူပေါင်းအဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခုနစ်ဦးခန့်သေဆုံးပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တော်လှန် ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ဘေးကင်းလုုံခြုံရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

“သိမ်းတာကတော့ အပြတ်သိမ်းဖို့ပဲ။ တစ်ဖက်က စစ်ကူထိုးလာတာနဲ့ ပြန်ဆုတ်လာခဲ့ရတယ်”ဟု ဒေါင်းမင်းသား ရေတာရှည် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း ရေတာရှည်မြို့ နယ် စည်ပိုင်းရွာဘက်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့မှ လက် နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်း ဆုတ်ခွာသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။