Connect with us

Hi, what are you looking for?

သတင်း

ရေတာရှည်မြို့နယ် ရွာတစ်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို PDF ပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ် ခုနစ်ဦးခန့်သေ

ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း ရေတာရှည်မြို့ နယ် စည်ပိုင်းရွာဘက်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့မှ လက် နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်း ဆုတ်ခွာသွားခဲ့သည်။

(PDFပူး​ပေါင်းအဖွဲ့မှ ရဲ​ဘော်များအား ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)
(PDFပူး​ပေါင်းအဖွဲ့မှ ရဲ​ဘော်များအား ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ရှိ ကျေးရွာတစ်ရွာ၌တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်အား မဟာမိတ်တပ်ဖွဲ့များနှင့်အတူ ပူးပေါင်းတိုက်ခိုက်ခဲ့ကြောင်း ဒေါင်းမင်းသား ရေတာရှည် PDFတပ်ဖွဲ့က ယနေ့(ဇူလိုင် ၁၆) ထုတ်ပြန်သည်။

ယနေ့နံနက် ၁၀နာရီခန့်က ရေတာရှည်မြို့နယ် ပိတောက်ကုန်းကျေးရွာအုပ်စု ရေတာရှည်လေးကျေးရွာတွင်တပ်စွဲထားသော စစ်ကောင်စီတပ်သား၂၅ ဦးခန့်အား သံတောင်မြောက်ပိုင်းအထူးဒေသ NTDFအဖွဲ့ ၊ နေပြည်တော် PDF နှင့် ဒေါင်းမင်းသား ရေတာရှည် PDF ပူပေါင်းအဖွဲ့တို့မှ ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြ သည်။

Public Service Announcement
Public Service Announcement

အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ခုနစ်ဦးခန့်သေဆုံးပြီး မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များမှ တော်လှန် ရေးရဲဘော်များ အထိအခိုက်မရှိဘဲ ဘေးကင်းလုုံခြုံရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

“သိမ်းတာကတော့ အပြတ်သိမ်းဖို့ပဲ။ တစ်ဖက်က စစ်ကူထိုးလာတာနဲ့ ပြန်ဆုတ်လာခဲ့ရတယ်”ဟု ဒေါင်းမင်းသား ရေတာရှည် PDF မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၁၃ ရက်နှင့် ၁၄ ရက်တို့တွင်လည်း ရေတာရှည်မြို့ နယ် စည်ပိုင်းရွာဘက်စစ်ကြောင်းထိုးလာသော အကြမ်း ဖက်စစ်ကောင်စီတပ်ကို မဟာမိတ်ပူးပေါင်းအဖွဲ့မှ လက် နက်ကြီးများဖြင့် လိုက်လံတိုက်ခိုက်ခဲ့ရာ ယင်းစစ်ကြောင်း ဆုတ်ခွာသွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် ယာဥ်တန်းနဲ့ စစ်သားတွေကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တဲ့ရုပ်သံမှတ်တမ်းကို PDF စစ်ရုံးချုပ်က ဒီကနေ့ မှာ ထပ်မံထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့