Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သုံးထပ်ကွေ့ရက်ဆက်တိုက်တွေပွဲအပြီး
စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းမှူးသတင်းစကားပါး

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဇူလိုင်(၇)ရက်ကစတင်ပြီး ဇူလိုင်(၁၂)ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်ကြောင်း

စစ်ကောင်စီတပ်တွေအနေနဲ့ စစ်တိုက်ချင်ရင် စစ်သားတွေပီပီ သတ္တိရှိရှိ၊ သိက္ခာရှိရှိနဲ့ မျက်နှာချင်းဆိုင်တိုက်ပါလို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက စစ်ကောင်စီတပ်ကို သတင်းစကားပါးလိုက်ပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဇူလိုင်(၇)ရက်ကစတင်ပြီး ဇူလိုင်(၁၂)ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်ကြောင်း

စစ်ကောင်စီတပ်ဘက်က မြ၀တီ-ဝေါ်လေ ကားလမ်းမကြီးကို တစ်ဖက်သတ်ပိတ်ဆို့ခဲ့မှု‌ကြောင့် ဒေသခံပြည်သူလူထုရဲ့ စားဝတ်နေရေး လွန်စွာကြပ်တည်းခဲ့ရပြီး အဲ့ဒီအတွက် ကော်ဘရာစစ်ကြောင်းက ဇူလိုင်လ (၁၂) ရက် ညနေပိုင်းကစတင်ကာ ပြည်သူလူထု အေးချမ်းလုံခြုံစွာပြန်လည်နေထိုင်နိုင်ဖို့၊ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ ဆက်စပ်နေရာတွေကို နယ်မြေရှင်းလင်း‌ရေး ဆောင်ရွက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
Public Service Announcement

ဒေသခံပြည်သူလူထုတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အသက်ရှင်ရပ်တည်နိုင်ရေး၊ နေထိုင်သွားလာရေးအဆင်ပြေစေဖို့အတွက် မြဝတီ – ဝေါ်လေ ကားလမ်းမကြီးတစ်လျှောက်က စစ်ကောင်စီတပ်က ပိတ်ဆို့ထားတဲ့ အတားအဆီးအပျက်အစီးတွေ ဖယ်ရှားရှင်းလင်းခဲ့ပြီး ဇူလိုင်(၁၆)ရက် ညနေပိုင်းမှာ အဆိုပါလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ကော်ဘရာစစ်ကြောင်းက ပြည်သူလူထုရဲ့လူမှုစီးပွားအတွက် ဆောင်ရွက်ပေးမှုအပေါ် အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်ဟာ ယုတ်မာပက်စက်တဲ့အကြံနဲ့ ဒီကနေ့ မနက် ဇူလိုင်(၁၇)ရက်မှာ မြ၀တီ-ဝေါ်လေ ကားလမ်းမကြီးပေါ်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစည်အပေါ် ထိခိုက်မှုတွေရှိလာနိုင်တဲ့အတွက် ကော်ဘရာစစ်ကြောင်းအနေနဲ့ လွန်စွာစိုးရိမ်ပူပန်လျက်ရှိပြီး ပြည်သူလူထုအေးချမ်း လုံခြုံစွာ သွားလာနိုင်ခြင်းမရှိတဲ့အပေါ် ကော်ဘရာစစ်ကြောင်းမှူးအနေနဲ့ များစွာစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။