Connect with us

Hi, what are you looking for?

သတင်း

သုံးထပ်ကွေ့ရက်ဆက်တိုက်တွေပွဲအပြီး
စစ်ကောင်စီတပ်ကို ကော်ဘရာစစ်ကြောင်းမှူးသတင်းစကားပါး

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဇူလိုင်(၇)ရက်ကစတင်ပြီး ဇူလိုင်(၁၂)ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်ကြောင်း

စစ်ကောင်စီတပ်တွေအနေနဲ့ စစ်တိုက်ချင်ရင် စစ်သားတွေပီပီ သတ္တိရှိရှိ၊ သိက္ခာရှိရှိနဲ့ မျက်နှာချင်းဆိုင်တိုက်ပါလို့ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက စစ်ကောင်စီတပ်ကို သတင်းစကားပါးလိုက်ပါတယ်။

ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ဒေသဖြစ်တဲ့ မြ၀တီ-ဝေါ်လေ ကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့မှာ ကော်ဘရာစစ်ကြောင်းနဲ့ စစ်ကောင်စီတပ်တို့အကြား ဇူလိုင်(၇)ရက်ကစတင်ပြီး ဇူလိုင်(၁၂)ရက်အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့တာပါ။

ကော်ဘရာစစ်ကြောင်း
ကော်ဘရာစစ်ကြောင်း

စစ်ကောင်စီတပ်ဘက်က မြ၀တီ-ဝေါ်လေ ကားလမ်းမကြီးကို တစ်ဖက်သတ်ပိတ်ဆို့ခဲ့မှု‌ကြောင့် ဒေသခံပြည်သူလူထုရဲ့ စားဝတ်နေရေး လွန်စွာကြပ်တည်းခဲ့ရပြီး အဲ့ဒီအတွက် ကော်ဘရာစစ်ကြောင်းက ဇူလိုင်လ (၁၂) ရက် ညနေပိုင်းကစတင်ကာ ပြည်သူလူထု အေးချမ်းလုံခြုံစွာပြန်လည်နေထိုင်နိုင်ဖို့၊ အသက်ရှင်ရပ်တည်နိုင်ဖို့အတွက် တိုက်ပွဲဖြစ်ပွားရာဒေသနဲ့ ဆက်စပ်နေရာတွေကို နယ်မြေရှင်းလင်း‌ရေး ဆောင်ရွက်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။

Public Service Announcement
Public Service Announcement

ဒေသခံပြည်သူလူထုတွေရဲ့ စားဝတ်နေရေး၊ စီးပွားရေး၊ လူမှုရေးနဲ့ အသက်ရှင်ရပ်တည်နိုင်ရေး၊ နေထိုင်သွားလာရေးအဆင်ပြေစေဖို့အတွက် မြဝတီ – ဝေါ်လေ ကားလမ်းမကြီးတစ်လျှောက်က စစ်ကောင်စီတပ်က ပိတ်ဆို့ထားတဲ့ အတားအဆီးအပျက်အစီးတွေ ဖယ်ရှားရှင်းလင်းခဲ့ပြီး ဇူလိုင်(၁၆)ရက် ညနေပိုင်းမှာ အဆိုပါလမ်းမကြီးကို ပြန်လည်ဖွင့်လှစ်ပေးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒီလို ကော်ဘရာစစ်ကြောင်းက ပြည်သူလူထုရဲ့လူမှုစီးပွားအတွက် ဆောင်ရွက်ပေးမှုအပေါ် အခွင့်ကောင်းယူပြီး စစ်ကောင်စီတပ်ဟာ ယုတ်မာပက်စက်တဲ့အကြံနဲ့ ဒီကနေ့ မနက် ဇူလိုင်(၁၇)ရက်မှာ မြ၀တီ-ဝေါ်လေ ကားလမ်းမကြီးပေါ်မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်လျက်ရှိတယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

စစ်ကောင်စီရဲ့ ယုတ်မာတဲ့လုပ်ရပ်တွေဟာ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစည်အပေါ် ထိခိုက်မှုတွေရှိလာနိုင်တဲ့အတွက် ကော်ဘရာစစ်ကြောင်းအနေနဲ့ လွန်စွာစိုးရိမ်ပူပန်လျက်ရှိပြီး ပြည်သူလူထုအေးချမ်း လုံခြုံစွာ သွားလာနိုင်ခြင်းမရှိတဲ့အပေါ် ကော်ဘရာစစ်ကြောင်းမှူးအနေနဲ့ များစွာစိတ်မကောင်းဖြစ်ခဲ့ရတယ်လို့ ထုတ်ပြန်ချက်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။