Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် နေပြည်တော် နယ်စပ်ဒေသတွင် တိုက်ပွဲများပြင်းထန်နေ၊ သုံးရက်အတွင်း စစ်ကောင်စီတပ် ၂၀ ကျော်သေဟုဆို

ထိတွေ့တိုက်ပွဲများမှာ ဇူလိုင် ၁၄ ရက်မှစပြီး ယနေ့ (ဇူလိုင် ၁၈)ရက်အထိ ၅ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးပျောက်ဆုံးနေပြီး အဆက်အသွယ်ပြတ်တောက်လျှက်ရှိကြောင်း တပ်ရင်း (၈၀၂)က ပြောသည်။

People's Spring
People's Spring

ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ် မြေ စသည့်ဒေသသုံးခု၏ နယ်စပ်ဒေသတစ်လျှောက်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲပြင်း ထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) တပ်ရင်း (၈၀၂)က ပြောသည်။

အဆိုပါနယ်စပ်ဒေသအနီး သံတောင်ကြီးမြို့နယ်ဘက်မှ ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၀၀ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယင်းစစ်ကြောင်း တပ်ရင်း (၈၀၂)နှင့် ဒေသကာ ကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိတွေ့တိုက်ပွဲများမှာ ဇူလိုင် ၁၄ ရက်မှစပြီး ယနေ့ (ဇူလိုင် ၁၈)ရက်အထိ ၅ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးပျောက်ဆုံးနေပြီး အဆက်အသွယ်ပြတ်တောက်လျှက်ရှိကြောင်း တပ်ရင်း (၈၀၂)က ပြောသည်။

“ဒီမနက်ပိုင်းမှာဆိုရင်လည်း မိအီကြီးကျေးရွာကို ခွေးတွေက မီးဝင်ရှို့နေလို့ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်လျှက်ရှိနေပါတယ်”ဟု နေပြည်တော် PDFတပ်ရင်း (၈၀၂)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားနေသည့်ကျေးရွာများဘက်သို့ စစ်ကား ၁၀ စီးခန့်ဖြင့် အင်အားထပ်မံဖြည့်တင်းရန် ပြင်ဆင်လျှက်ရှိရာ သုံးစီးမှာ ကြာပင်ရွာသို့ရောက်ရှိနေပြီး ကားဖြင့်တိုက်ရိုက်ဝင်လာမည်ဆိုပါက မိအီကြီးသို့ နာရီဝက်ခန့်အတွင်း ရောက်လာနိုင်သည်ဟု မှန်းဆကြောင်း ၎င်းက ရှင်းပြသည်။

အထက်ပါ တိုက်ပွဲများအတွင်း ဇူလိုင် ၁၄ ရက်က စုစည်းရွာအနီး တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နေပြည်တော်)၏ ရိက္ခာတဲနှင့် ဒေသခံပြည်သူများ၏ တဲအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။