Connect with us

Hi, what are you looking for?

သတင်း

ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် နေပြည်တော် နယ်စပ်ဒေသတွင် တိုက်ပွဲများပြင်းထန်နေ၊ သုံးရက်အတွင်း စစ်ကောင်စီတပ် ၂၀ ကျော်သေဟုဆို

ထိတွေ့တိုက်ပွဲများမှာ ဇူလိုင် ၁၄ ရက်မှစပြီး ယနေ့ (ဇူလိုင် ၁၈)ရက်အထိ ၅ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးပျောက်ဆုံးနေပြီး အဆက်အသွယ်ပြတ်တောက်လျှက်ရှိကြောင်း တပ်ရင်း (၈၀၂)က ပြောသည်။

People's Spring
People's Spring

ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် နေပြည်တော်ကောင်စီနယ် မြေ စသည့်ဒေသသုံးခု၏ နယ်စပ်ဒေသတစ်လျှောက်တွင် တိုက်ပွဲများဆက်တိုက်ဖြစ်ပွားနေပြီး တိုက်ပွဲပြင်း ထန်နေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (နေပြည်တော်) တပ်ရင်း (၈၀၂)က ပြောသည်။

အဆိုပါနယ်စပ်ဒေသအနီး သံတောင်ကြီးမြို့နယ်ဘက်မှ ကျေးရွာများသို့ အကြမ်းဖက်စစ်ကောင်စီတပ်က အင်အား ၁၀၀ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး ယင်းစစ်ကြောင်း တပ်ရင်း (၈၀၂)နှင့် ဒေသကာ ကွယ်ရေးမဟာမိတ်ပူးပေါင်းတပ်များက ခုခံတိုက်ခိုက်နေခြင်း ဖြစ်သည်။

ထိတွေ့တိုက်ပွဲများမှာ ဇူလိုင် ၁၄ ရက်မှစပြီး ယနေ့ (ဇူလိုင် ၁၈)ရက်အထိ ၅ ရက်ဆက်တိုက်ဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ တပ်ရင်းမှူးတစ်ဦးအပါအဝင် ၂၀ ကျော်သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များဘက်မှ ရဲဘော်တစ်ဦးကျဆုံးကာ တစ်ဦးပျောက်ဆုံးနေပြီး အဆက်အသွယ်ပြတ်တောက်လျှက်ရှိကြောင်း တပ်ရင်း (၈၀၂)က ပြောသည်။

“ဒီမနက်ပိုင်းမှာဆိုရင်လည်း မိအီကြီးကျေးရွာကို ခွေးတွေက မီးဝင်ရှို့နေလို့ တစ်ဖက်နဲ့တစ်ဖက် ပစ်ခတ်လျှက်ရှိနေပါတယ်”ဟု နေပြည်တော် PDFတပ်ရင်း (၈၀၂)မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ တိုက်ပွဲဖြစ်ပွားနေသည့်ကျေးရွာများဘက်သို့ စစ်ကား ၁၀ စီးခန့်ဖြင့် အင်အားထပ်မံဖြည့်တင်းရန် ပြင်ဆင်လျှက်ရှိရာ သုံးစီးမှာ ကြာပင်ရွာသို့ရောက်ရှိနေပြီး ကားဖြင့်တိုက်ရိုက်ဝင်လာမည်ဆိုပါက မိအီကြီးသို့ နာရီဝက်ခန့်အတွင်း ရောက်လာနိုင်သည်ဟု မှန်းဆကြောင်း ၎င်းက ရှင်းပြသည်။

အထက်ပါ တိုက်ပွဲများအတွင်း ဇူလိုင် ၁၄ ရက်က စုစည်းရွာအနီး တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (နေပြည်တော်)၏ ရိက္ခာတဲနှင့် ဒေသခံပြည်သူများ၏ တဲအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့၍ ဆုံးရှုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်နဲ့ စစ်ကိုင်းတိုင်းအစပ် အင်းတော်ဒေသမှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။