Connect with us

Hi, what are you looking for?

News

စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာပြည်မှာ ငတ်မွတ်ခေါင်းပါးမှု ၂ဆမြင့်တက်

ဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ဟာ ဘေးဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရပြီး ပြည်သူ ၆ ဒသမ ၂ သန်း ငတ်မွတ်မယ့်ဘေးဟာ လူ့သက်တမ်းမှာ အဆိုးဆုံးအခြေအနေဖြစ်တယ်လို့လည်း Stephen Anderson က ဆိုပါတယ်။

လာမယ့်အောက်တိုဘာမှာ မြန်မာပြည်သူ ၆ ဒသမ ၂ သန်းဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားရလိမ့်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မြန်မာပြည်ဒါရိုက်တာ Stephen Anderson က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ဟာ ဘေးဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရပြီး ပြည်သူ ၆ ဒသမ ၂ သန်း ငတ်မွတ်မယ့်ဘေးဟာ လူ့သက်တမ်းမှာ အဆိုးဆုံးအခြေအနေဖြစ်တယ်လို့လည်း Stephen Anderson က ဆိုပါတယ်။

မြန်မာပြည်ဟာ အာဏာမသိမ်းမီအချိန်ကတည်းက ပြည်သူ ၃ သန်းနီးပါး ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ခံစားနေရပြီး အာဏာသိမ်းပြီးချိန်မှာတော့ နှစ်ဆလောက်တိုးလာခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ၂၃ နိုင်ငံဟာ လာမယ့် သုံးလအတွင်း ငတ်မွတ်ခေါင်းပါးမှုဒဏ်မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပြီး မြန်မာအပါအဝင် ၅ နိုင်ငံက မတ်လ က ထုတ်ပြန်ချက်နောက်ပိုင်း ထပ်တိုးလာတဲ့နိုင်ငံတွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်၊သဲအင်း ကျေးရွာက ကျောင်းထိုင်ဆရာ‌‌တော် တပါးကို အာဏာသိမ်းစစ်တပ်ကဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ပြီး အနီးပတ်ဝန်းကျင်က ကျေးရွာ တွေကိုလည်း ပေါ်တာဆွဲဖမ်းဆီးမှုတွေလုပ်​နေတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ရွှေဝါရောင်တော်လှန်ရေးမှာ သံဃာတော်တွေနဲ့ ပြည်သူတွေကို စစ်အာဏာရှင်က ရက်ရက်စက်စက် နှိက်စက်သတ်ဖြတ်ခဲ့တာကို မမေ့ကြဖို့နဲ့ စစ်အာဏာရှင်တွေကဘုံရန်သူပျောက်အောင် သွေးခွဲလေ့ရှိတာကိုသတိထားကြဖို့ရွှေဝါရောင်ဆရာတော် ဆရာတော် မင်းသုညက မိန့်ကြားလိုက်ပါတယ်။