Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်တပ်ကအာဏာသိမ်းပြီးနောက် မြန်မာပြည်မှာ ငတ်မွတ်ခေါင်းပါးမှု ၂ဆမြင့်တက်

ဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ဟာ ဘေးဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရပြီး ပြည်သူ ၆ ဒသမ ၂ သန်း ငတ်မွတ်မယ့်ဘေးဟာ လူ့သက်တမ်းမှာ အဆိုးဆုံးအခြေအနေဖြစ်တယ်လို့လည်း Stephen Anderson က ဆိုပါတယ်။

လာမယ့်အောက်တိုဘာမှာ မြန်မာပြည်သူ ၆ ဒသမ ၂ သန်းဟာ ငတ်မွတ်ခေါင်းပါးမှုဒဏ်ကို ခံစားရလိမ့်မယ်လို့ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP)မြန်မာပြည်ဒါရိုက်တာ Stephen Anderson က ပြောပါတယ်။

ဖေဖော်ဝါရီ ၁ ရက်မှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်ဟာ ဘေးဒုက္ခပေါင်းစုံနဲ့ ကြုံတွေ့ခဲ့ရပြီး ပြည်သူ ၆ ဒသမ ၂ သန်း ငတ်မွတ်မယ့်ဘေးဟာ လူ့သက်တမ်းမှာ အဆိုးဆုံးအခြေအနေဖြစ်တယ်လို့လည်း Stephen Anderson က ဆိုပါတယ်။

မြန်မာပြည်ဟာ အာဏာမသိမ်းမီအချိန်ကတည်းက ပြည်သူ ၃ သန်းနီးပါး ငတ်မွတ်ခေါင်းပါးတဲ့ဒဏ်ခံစားနေရပြီး အာဏာသိမ်းပြီးချိန်မှာတော့ နှစ်ဆလောက်တိုးလာခဲ့တာပါ။

ပြီးခဲ့တဲ့ ဇူလိုင်တုန်းက ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ ကမ္ဘာတစ်ဝန်း ၂၃ နိုင်ငံဟာ လာမယ့် သုံးလအတွင်း ငတ်မွတ်ခေါင်းပါးမှုဒဏ်မြင့်တက်လာနိုင်တယ်လို့ ခန့်မှန်းထားပြီး မြန်မာအပါအဝင် ၅ နိုင်ငံက မတ်လ က ထုတ်ပြန်ချက်နောက်ပိုင်း ထပ်တိုးလာတဲ့နိုင်ငံတွေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် နီးစပ်ရာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့်ချိတ်ဆက်၍ ပြည်သူ့ရင်ခွင်ခိုလှုံကြရန်လည်း တိုက်တွန်းထားသည်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။

သတင်း

ရွှေတိဂုံဘုရားသို့ မကြာခဏသွား​ရောက်ဘုရာဖူး​လေ့ရှိ​သောပြည်သူတစ်ဦးကလည်း "အနောက်ဘက်စောင်းတန်းက အိမ်သာတွေဆို ညနေဘက်သွားရင် ပေါ်တင်လုပ်နေတာ ဆေးနံ့တွေ မွှန်ထူနေတာပဲ။ " ဟုပြောသည်။