Connect with us

Hi, what are you looking for?

သတင်း

အော်ရီဒူး မြန်မာမှ ထွက်ခွာရန် စီစဥ်

ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီကို အဓိက ဝယ်ယူရန်အလားလာရှိသူများမှာ ပြည်တွင်းမှ Young Investment Group၊ စင်ကာပူအခြေစိုက် ကွန်ရက်အခြေခံအဆောက်အအုံ အော်ပရေတာ Campana Group နှင့် ​ရွှေသံလွင်ပိုင် SkyNet တို့ ပါဝင်သည်။ လုပ်ငန်း​​ရောင်ူချရန်ဆွေးနွေးမှုများသည်နောက်ဆုံးအဆင့်မရောက်သေးကြောင်းလည်း ရိုက်တာသတင်းဌာနကဆိုထားသည်။

ဓါတ်ပုံ-ရိုက်တာ
ဓါတ်ပုံ-ရိုက်တာ

ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံက ထွက်ခွာရန် ရှယ်ယာများရောင်းချနိုင်ရေး ဆွေးနွေးနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနကရေးသား​ဖော်ပြသည်။

သုံးဆွဲသူ ၁၅ သန်းနီးပါးရှိသည့် မြန်မာနိုင်ငံကတတိယသုံးစွဲသူအများဆုံး မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချရန် စစ်​ကောင်စီ၏ မြန်မာ့စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးဌာနထံအကြောင်းကြားပြီးဖြစ်သည်ဟုသတင်းက​ဖော်ပြသည်။ ​အော်ရီဒူးသည် အ​ရှေ့အလယ်ပိုင်းမှ ကာတာနိုင်ငံဒိုဟာအ​ခြေစိုက်ပြီး နိုင်ငံတကာတွင် ဆက်သွယ်​ရေး​အော်ပ​ရေတာလုပ်ငန်းများလုပ်ကိုင်​နေ​သော ဂလိုဘယ်ကုမ္ပဏီတစ်ခုဖြစ်သည်။

ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီကို အဓိက ဝယ်ယူရန်အလားလာရှိသူများမှာ ပြည်တွင်းမှ Young Investment Group၊ စင်ကာပူအခြေစိုက် ကွန်ရက်အခြေခံအဆောက်အအုံ အော်ပရေတာ Campana Group နှင့် ​ရွှေသံလွင်ပိုင် SkyNet တို့ ပါဝင်သည်။ လုပ်ငန်း​​ရောင်းချရန်ဆွေးနွေးမှုများသည်နောက်ဆုံးအဆင့်မရောက်သေးကြောင်းလည်း ရိုက်တာသတင်းဌာနကဆိုထားသည်။

အော်ရီဒူးမိုဘိုင်းဆက်သွယ်ရေးကို ၂၀၂၂ ခုနှစ်တွင် သုံးစွဲသူ ၉ သန်းရှိပြီး ၂၀၂၀ တွင် ၁၅ သန်းထိရှိခဲ့သည်။ တစ်နှစ်လျှင်ဝင်ငွေဒေါ်လာ သန်း ၃၃၀ ခန့်ရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ဆက်သွယ်​ရေးကဏ္ဍသည် ယခင်က အာရှ၏ တိုးတက်မှုအမြန်ဆုံးဈေးကွက်များထဲမှတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်​ဖေ​ဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖိအားများ မြင့်တက်လာခဲ့သည်။ စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၁ခုနှစ်တစ်လျှောက်လုံးအင်တာနက်ကိုတစ်နိုင်ငံလုံးအတိုင်းအတာကန့်သတ်ပြီးနောက်နိုင်ငံတစ်ဝှမ်းတွင်မိုဘိုင်းဒေတာကိုပိတ်ထားသည်။

ထိုအပြင် အာဏာသိမ်းစစ်​ကောင်စီက ယခုနှစ်တွင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီ/လုပ်ငန်းအားလုံးကို ​ဒေါ်လာရရှိပါက တစ်​ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့် စစ်​ကောင်စီသတ်မှတ်​သောဘဏ်တွင် မဖြစ်မ​နေ ​ရောင်းချရန် ဖိအား​ပေးအကြပ်ကိုင်ခဲ့သည်။ စစ်​ကောင်စီ၏ တင်းကြပ်မှုများပိုမိုဆိုးဝါးလာသည်နှင့် အမျှ ပြည်ပအ​ခြေစိုက် လုပ်ငန်းများမှာလုပ်ငန်းရပ်တည်ရန် ပိုမိုခက်ခဲလာသည်။

​​အော်ရီဒူးမတိုင်ခင် ​နော်​ဝေဆက်သွယ်​ရေးကုမ္ပဏီ တယ်လီ​နော်မှာလည်းမြန်မာနိုင်ငံမှထွက်ခွာရန်စီစဥ်​နေသည်။ကျန် ဆက်သွယ်​ရေး​အော်ပ​ရေတာနှစ်ခုမှာ စစ်​ကောင်စီထိန်းချုပ်ထား​သော မြန်မာ့ဆက်သွယ်​ရေးလုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီKDDIတို့ပူး​ပေါင်းလုပ်​နေ​သော MPT၊ မြန်မာစစ်တပ်နှင့် ဗီယက်နန်စစ်တပ်တို့ပူး​ပေါင်းလုပ်​နေ​သော Mytel တို့ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီး​နောက် စစ်​ကောင်စီက ဖုန်းအင်တာနက်၊ ဖုန်းလိုင်းများမကြာခဏဖြတ်​တောက်သလို ဖုန်းလိုင်းများကို​စောင့်ကြည့်မှုရှိနိုင်​သော​ကြောင့် ပြည်သူများကပြည်ပမှ ရင်းနှီးမြှပ်နှံ​သော တယ်လီ​နောနှင့် ​အော်ရီဒူးကို ပိုမိုယုံကြည်စွာအသုံးပြုခဲ့ကြသည်။

ကိုးကား/ ဓါတ်ပုံ-ရိုက်တာ

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

သတင်း

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။