Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အော်ရီဒူး မြန်မာမှ ထွက်ခွာရန် စီစဥ်

ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီကို အဓိက ဝယ်ယူရန်အလားလာရှိသူများမှာ ပြည်တွင်းမှ Young Investment Group၊ စင်ကာပူအခြေစိုက် ကွန်ရက်အခြေခံအဆောက်အအုံ အော်ပရေတာ Campana Group နှင့် ​ရွှေသံလွင်ပိုင် SkyNet တို့ ပါဝင်သည်။ လုပ်ငန်း​​ရောင်ူချရန်ဆွေးနွေးမှုများသည်နောက်ဆုံးအဆင့်မရောက်သေးကြောင်းလည်း ရိုက်တာသတင်းဌာနကဆိုထားသည်။

ဓါတ်ပုံ-ရိုက်တာ
ဓါတ်ပုံ-ရိုက်တာ

ကာတာနိုင်ငံအခြေစိုက် အော်ရီဒူးမိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီက မြန်မာနိုင်ငံက ထွက်ခွာရန် ရှယ်ယာများရောင်းချနိုင်ရေး ဆွေးနွေးနေပြီဖြစ်ကြောင်း ရိုက်တာသတင်းဌာနကရေးသား​ဖော်ပြသည်။

သုံးဆွဲသူ ၁၅ သန်းနီးပါးရှိသည့် မြန်မာနိုင်ငံကတတိယသုံးစွဲသူအများဆုံး မိုဘိုင်းဆက်သွယ်ရေးကုမ္ပဏီ၏ ရှယ်ယာများကို ရောင်းချရန် စစ်​ကောင်စီ၏ မြန်မာ့စာတိုက်နှင့် ကြေးနန်းဆက်သွယ်ရေးဌာနထံအကြောင်းကြားပြီးဖြစ်သည်ဟုသတင်းက​ဖော်ပြသည်။ ​အော်ရီဒူးသည် အ​ရှေ့အလယ်ပိုင်းမှ ကာတာနိုင်ငံဒိုဟာအ​ခြေစိုက်ပြီး နိုင်ငံတကာတွင် ဆက်သွယ်​ရေး​အော်ပ​ရေတာလုပ်ငန်းများလုပ်ကိုင်​နေ​သော ဂလိုဘယ်ကုမ္ပဏီတစ်ခုဖြစ်သည်။

ကာတာအခြေစိုက် အော်ရီဒူးကုမ္ပဏီကို အဓိက ဝယ်ယူရန်အလားလာရှိသူများမှာ ပြည်တွင်းမှ Young Investment Group၊ စင်ကာပူအခြေစိုက် ကွန်ရက်အခြေခံအဆောက်အအုံ အော်ပရေတာ Campana Group နှင့် ​ရွှေသံလွင်ပိုင် SkyNet တို့ ပါဝင်သည်။ လုပ်ငန်း​​ရောင်းချရန်ဆွေးနွေးမှုများသည်နောက်ဆုံးအဆင့်မရောက်သေးကြောင်းလည်း ရိုက်တာသတင်းဌာနကဆိုထားသည်။

အော်ရီဒူးမိုဘိုင်းဆက်သွယ်ရေးကို ၂၀၂၂ ခုနှစ်တွင် သုံးစွဲသူ ၉ သန်းရှိပြီး ၂၀၂၀ တွင် ၁၅ သန်းထိရှိခဲ့သည်။ တစ်နှစ်လျှင်ဝင်ငွေဒေါ်လာ သန်း ၃၃၀ ခန့်ရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံတွင် ဆက်သွယ်​ရေးကဏ္ဍသည် ယခင်က အာရှ၏ တိုးတက်မှုအမြန်ဆုံးဈေးကွက်များထဲမှတစ်ခုဖြစ်ပြီး ၂၀၂၁ ခုနှစ်​ဖေ​ဖော်ဝါရီ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ဖိအားများ မြင့်တက်လာခဲ့သည်။ စစ်တပ်ကအာဏာသိမ်းပြီး ၂၀၂၁ခုနှစ်တစ်လျှောက်လုံးအင်တာနက်ကိုတစ်နိုင်ငံလုံးအတိုင်းအတာကန့်သတ်ပြီးနောက်နိုင်ငံတစ်ဝှမ်းတွင်မိုဘိုင်းဒေတာကိုပိတ်ထားသည်။

ထိုအပြင် အာဏာသိမ်းစစ်​ကောင်စီက ယခုနှစ်တွင် ပြည်တွင်း/ပြည်ပ ကုမ္ပဏီ/လုပ်ငန်းအားလုံးကို ​ဒေါ်လာရရှိပါက တစ်​ဒေါ်လာလျှင် ၁၈၅၀ ကျပ်ဖြင့် စစ်​ကောင်စီသတ်မှတ်​သောဘဏ်တွင် မဖြစ်မ​နေ ​ရောင်းချရန် ဖိအား​ပေးအကြပ်ကိုင်ခဲ့သည်။ စစ်​ကောင်စီ၏ တင်းကြပ်မှုများပိုမိုဆိုးဝါးလာသည်နှင့် အမျှ ပြည်ပအ​ခြေစိုက် လုပ်ငန်းများမှာလုပ်ငန်းရပ်တည်ရန် ပိုမိုခက်ခဲလာသည်။

​​အော်ရီဒူးမတိုင်ခင် ​နော်​ဝေဆက်သွယ်​ရေးကုမ္ပဏီ တယ်လီ​နော်မှာလည်းမြန်မာနိုင်ငံမှထွက်ခွာရန်စီစဥ်​နေသည်။ကျန် ဆက်သွယ်​ရေး​အော်ပ​ရေတာနှစ်ခုမှာ စစ်​ကောင်စီထိန်းချုပ်ထား​သော မြန်မာ့ဆက်သွယ်​ရေးလုပ်ငန်းနှင့် ဂျပန်ကုမ္ပဏီKDDIတို့ပူး​ပေါင်းလုပ်​နေ​သော MPT၊ မြန်မာစစ်တပ်နှင့် ဗီယက်နန်စစ်တပ်တို့ပူး​ပေါင်းလုပ်​နေ​သော Mytel တို့ဖြစ်သည်။ စစ်တပ်အာဏာသိမ်းပြီး​နောက် စစ်​ကောင်စီက ဖုန်းအင်တာနက်၊ ဖုန်းလိုင်းများမကြာခဏဖြတ်​တောက်သလို ဖုန်းလိုင်းများကို​စောင့်ကြည့်မှုရှိနိုင်​သော​ကြောင့် ပြည်သူများကပြည်ပမှ ရင်းနှီးမြှပ်နှံ​သော တယ်လီ​နောနှင့် ​အော်ရီဒူးကို ပိုမိုယုံကြည်စွာအသုံးပြုခဲ့ကြသည်။

ကိုးကား/ ဓါတ်ပုံ-ရိုက်တာ

ဆက်စပ်သတင်းများ

သတင်း

တချို့နိုင်ငံခြားသားတွေကတော့ ကန့်သတ်ပိတ်ပင်ထားတဲ့ လုပ်ငန်းခွင်တွေမှာ အလုပ်လုပ်နေတာ မဟုတ်ပေမယ့် အလုပ်သမား စည်းမျဉ်းတွေကို မလိုက်နာလို့ အရေးယူ ခံရတာလို့လည်း ခါရွမ်က ပြောပါတယ်။

မေးမြန်းခန်း

ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကို ဗဟိုပြုနေတဲ့ ပထဝီဝင် နိုင်ငံရေး ရိုက်ခတ်မှုတွေ အကြောင်းကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့ပါတယ်။

သတင်း

▪︎ နယ်စပ်ဖြတ်​ကျော်အကူအညီ​ပေးတာမှာထိုင်းက KNU နဲ့ နယ်စပ်​ဒေသမှာအကူအညီ​ပေး​နေတဲ့အဖွဲ့​တွေကိုမတိုင်ပင်ပဲ စစ်​ကောင်စီသြဇာခံ ကြက်​ခြေနီအသင်းနဲ့​ပူး​ပေါင်းလုပ်မယ့်အစီအစဥ်ဟာလုပ်နည်းလုပ်ဟန်မှား​နေတယ်လို့ KNU​ပြော

သတင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ချင်းတိုင်းရင်းသား အနွယ်ဝင် ၃၀၀၀၀ လောက်ဟာ မီဇိုရမ် ပြည်နယ်ထဲကို စစ်ရှောင်တွေအဖြစ် ဝင်ရောက် ခိုလှုံနေခဲ့ကြရပြီး ဖြစ်ပါတယ်။