Connect with us

Hi, what are you looking for?

News

၁၁လသားက​လေးငယ်​​သေဆုံးမှုအတွက် စစ်​ကောင်စီတပ်နှင့်အ​ပေါင်းအပါများကို မြင်းခြံ MG 6 ​ပျောက်ကျားတပ်ဖွဲ့ သတိပေး

“ယ​နေ့ဖြစ်စဥ်နှင့်ပတ်သပ်၍ လက်တုံ့ပြန်သွားမည်ဖြစ်​ကြောင်းသတိ​ပေးလိုက်သည်”ဟုလည်း ​သေနတ်ဖြင့် တွဲရိုက်ထား​သောစာတွင်​ ရေးသားထားသည်။

ဓါတ်ပုံ - MG6

မြင်းခြံမြို့တွင် ၁၁လအရွယ်ကလေးငယ်တစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် အပေါင်းအပါများအား မြင်းခြံရှိ MG 6 ပြောက်ကျားတပ်က သေနတ်နှင့်ကျည်ဆံပြကာ သတိပေးလိုက်သည်။

ယနေ့ မြင်းခြံမြို့အမှတ်(၄)ရပ်ကွက်ဖြစ်စဥ်နှင့်ပတ်သက်၍ အပြစ်မဲ့ပြည်သူ အသက်(၁၁)လအရွယ် ကလေးငယ်သေဆုံးမှုအား လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း၊ သို့ဖြစ်၍ယနေ့ဖြစ်စဥ်နှင့်ဆက်စပ်သော စစ်ကောင်စီနှင့် အပေါင်းအပါများအား အထူးသတိပေးလိုက်ကြောင်း၊ဖြစ်စဥ်တွင်ပါဝင်ပက်သတ်သောသူများ ၏ မိသားစုနှင့်အသက် အိုးအိမ်စည်းစိမ်အား လုံးဝ လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်းအထူးသတိပေးလိုက်သည်ဟု မြင်းခြံပြောက်ကျားတပ် MG 6 မှ သတင်း ထုတ်ပြန်ခဲ့သည်။

“ယ​နေ့ဖြစ်စဥ်နှင့်ပတ်သပ်၍ လက်တုံ့ပြန်သွားမည်ဖြစ်​ကြောင်းသတိ​ပေးလိုက်သည်”ဟုလည်း ​သေနတ်ဖြင့် တွဲရိုက်ထား​သောစာတွင်​ ရေးသားထားသည်။

ယနေ့ သြဂုတ်၁၂ရက် နံနက်၆နာရီ၃၀မိနစ်ခန့်က မြင်းခြံမြို့ အမှတ်(၄)ရပ်ကွက်၌ သေနတ်ပစ်ခတ်ခံရ၍ ၁၁ လသားအရွယ်ကလေးငယ်၏ နဖူးနှင့်ရင်ဘတ်ကျည်ထိမှန်၍ သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

ဆောင်းပါး

စက်တင်ဘာ ၂၃ ရက်နေ့က မြင်းခြံမြို့ထဲက အဓိကလမ်းမကြီးပေါ်မှာ ဆိုင်ကယ်တွေ၊ ကားတွေနဲ့အတူ လူတွေ လှိုင်းလုံးထ စည်ကားနေတယ်။ ယာဥ်တွေရဲ့ရှေ့ဆုံးပေါ်မှာတော့ ဖျော်ဖြေရေးယာဥ်တွေ။ တီးဝိုင်းတွေ၊ အဆိုတော်တွေနဲ့ လှည့်လည်နေတယ်။ ကိုဗစ်ကတည်းက ရပ်နားလိုက်တဲ့ မြင်းခြံမြို့ရဲ့အထင်ကရ သုံးဆူဘုရားပွဲကို ဒီနှစ်မှာ ပြန်လည် ကျင်းပနေတဲ့ မြင်ကွင်းတွေဖြစ်ပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

Facebook