Connect with us

Hi, what are you looking for?

LuduNwayOo

News

၁၁လသားက​လေးငယ်​​သေဆုံးမှုအတွက် စစ်​ကောင်စီတပ်နှင့်အ​ပေါင်းအပါများကို မြင်းခြံ MG 6 ​ပျောက်ကျားတပ်ဖွဲ့ သတိပေး

“ယ​နေ့ဖြစ်စဥ်နှင့်ပတ်သပ်၍ လက်တုံ့ပြန်သွားမည်ဖြစ်​ကြောင်းသတိ​ပေးလိုက်သည်”ဟုလည်း ​သေနတ်ဖြင့် တွဲရိုက်ထား​သောစာတွင်​ ရေးသားထားသည်။

ဓါတ်ပုံ - MG6

မြင်းခြံမြို့တွင် ၁၁လအရွယ်ကလေးငယ်တစ်ဦးသေဆုံးမှုနှင့်ပတ်သက်၍ စစ်ကောင်စီနှင့် အပေါင်းအပါများအား မြင်းခြံရှိ MG 6 ပြောက်ကျားတပ်က သေနတ်နှင့်ကျည်ဆံပြကာ သတိပေးလိုက်သည်။

ယနေ့ မြင်းခြံမြို့အမှတ်(၄)ရပ်ကွက်ဖြစ်စဥ်နှင့်ပတ်သက်၍ အပြစ်မဲ့ပြည်သူ အသက်(၁၁)လအရွယ် ကလေးငယ်သေဆုံးမှုအား လွန်စွာစိတ်မကောင်းဖြစ်မိကြောင်း၊ သို့ဖြစ်၍ယနေ့ဖြစ်စဥ်နှင့်ဆက်စပ်သော စစ်ကောင်စီနှင့် အပေါင်းအပါများအား အထူးသတိပေးလိုက်ကြောင်း၊ဖြစ်စဥ်တွင်ပါဝင်ပက်သတ်သောသူများ ၏ မိသားစုနှင့်အသက် အိုးအိမ်စည်းစိမ်အား လုံးဝ လုံးဝ တာဝန်ယူမည်မဟုတ်ကြောင်းအထူးသတိပေးလိုက်သည်ဟု မြင်းခြံပြောက်ကျားတပ် MG 6 မှ သတင်း ထုတ်ပြန်ခဲ့သည်။

“ယ​နေ့ဖြစ်စဥ်နှင့်ပတ်သပ်၍ လက်တုံ့ပြန်သွားမည်ဖြစ်​ကြောင်းသတိ​ပေးလိုက်သည်”ဟုလည်း ​သေနတ်ဖြင့် တွဲရိုက်ထား​သောစာတွင်​ ရေးသားထားသည်။

ယနေ့ သြဂုတ်၁၂ရက် နံနက်၆နာရီ၃၀မိနစ်ခန့်က မြင်းခြံမြို့ အမှတ်(၄)ရပ်ကွက်၌ သေနတ်ပစ်ခတ်ခံရ၍ ၁၁ လသားအရွယ်ကလေးငယ်၏ နဖူးနှင့်ရင်ဘတ်ကျည်ထိမှန်၍ သေဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။