Connect with us

Hi, what are you looking for?

သတင်း

မော်လမြိုင်တွင်အထက်တန်း​ကျောင်းအုတ်တံတိုင်းပြို၍ လူ ၅ ဦး​သေဆုံး

စစ်​ကောင်စီက ​ကျောင်းများဖွင့်လှစ်ထား၍ ​ကျောင်းဖွင့်ချိန်ဖြစ်​သော်လည်း ​ကျောင်းအုတ်တံတိုင်းအပြင်ဘက်သို့ပြိုကျပြီး​ကျောင်းပိတ်မပိတ်ကိုမူမသိရ​ပေ။

ဓာတ်ပုံ-MFSD နှင့် CJ
ဓာတ်ပုံ-MFSD နှင့် CJ

မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ စစ်တဲကုန်းရှိအထက်တန်းကျောင်းအုတ်တံတိုင်း ယ​နေ့နံနက်ပိုင်းကပြိုကျပြီး လူ ၅ ဦးသေဆုံးခဲ့ကြောင်းဒေသခံများကပြောသည်။

ယနေ့ (ဇူလိုင်လ၂၂ရက်) နံနက် ၉ နာရီခွဲခန့်ကမော်လမြိုင်မြို့၊ ရွှေတောင်ရပ်ကွက်၊ မာလာဝင်း၊ တောင်ရိုးတန်းလမ်း၊ အထက(၅)ကျောင်း၏ အုတ်တံတိုင်းမှာ​ကျောင်းအပြင်ဘက်ပြိုကျခဲ့ခြင်းဖြစ်သည်။ပြိုကျမှုကြောင့်အုတ်တံတိုင်းအနီးရှိလက်ဖက်ရည်ဆိုင်မှ အမျိုးသား(၂)ဦး၊ အမျိုးသမီး
(၃)ဦး စုစုပေါင်း(၅)ဦး သေဆုံးခဲ့သည်။ ထိုအပြင်အမျိုးသား(၁)ဦး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းများက ပြောသည်။

မော်လမြိုင်မြို့တွင် မိုးသည်းထန်စွာရွာသွန်းနေပြီး မိုးရေကြောင့်အုတ်တံတိုင်းပြိုကျလာခြင်းဖြစ်နိုင်ကြောင်း ဒေသခံအချို့က ပြောသည်။

“ကျောင်းအနောက်ဘက်မှာဖြစ်တာပါ။ အရင်ကလဲတစ်ခါ ပြိုပြီးပြီ။ အဲဒီတုန်းက တစ်ယောက်သေတစ်ယောက်သေတယ်”ဟု မော်လမြိုင်ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသူများနှင့်ဒဏ်ရာရသူများအား လူမှုကယ်ဆယ်ရေးအသင်းမှ ယာဉ်များဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။

စစ်​ကောင်စီက ​ကျောင်းများဖွင့်လှစ်ထား၍ ​ကျောင်းဖွင့်ချိန်ဖြစ်​သော်လည်း ​ကျောင်းအုတ်တံတိုင်းအပြင်ဘက်သို့ပြိုကျပြီး​ကျောင်းပိတ်မပိတ်ကိုမူမသိရ​ပေ။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်တို့မှာ ထိုင်း-မြန်မာ၊ နယ်စပ်လမ်းကြောင်းတွေကနေတဆင့် မှောင်ခိုဝင်ရောက်လာတဲ့ ထိုင်းကုန်စည်ပစ္စည်းတွေကို အာဏာသိမ်းစစ်တပ်က ဘားအံနဲ့ မော်လမြိုင်မြို့တွေမှာ ကြားဖြတ်ဖမ်းဆီးသိမ်းဆည်းတာတွေပိုမိုလုပ်ဆောင်လာနေပါတယ်။

သတင်း

မွန်ပြည်နယ် ၊မော်လမြိုင်မြို့၊ မရမ်းကုန်းရပ်ကွက်၊ ကမ်းနားလမ်းရှိ လျှပ်စစ်ပစ္စည်းအရောင်းဆိုင်ကို မနေ့ (သြဂုတ် ၂၈ ရက် ) မနက်ပိုင်းမှာ အမျိုးသား သုံးဦးက သေနတ်ပြပြီး ဓားပြတိုက်သွားတယ်လို့မြို့ခံအချို့ဆီကသိရပါတယ်။

သတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မြို့မှာ ဆိုင်ကယ်ကယ်ရီမောင်းသူ ၁ဦး ပစ္စည်းလုယက်ပြီး အသတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ မော်လမြိုင်မှာ ရထားနဲ့ ကားတိုက်မိပြီး ဒဏ်ရာရသူရှိတယ်လို့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၀င်တချို့က ပြောပါတယ်။