Connect with us

Hi, what are you looking for?

သတင်း

မန္တ​လေးတွင် ဖမ်းဆီးခံရသည့် ROM ပြောက်ကျားတပ်ဖွဲ့မှ ရဲဘော်တစ်ဦး ယခုထိသတင်းမကြားရသေး

ရဲဘော်လင်းယုန်၏ သတင်းကို ယခုထိမကြားရသေးသလို မန္တလေးမြို့တွင် ဖမ်းဆီးခံရသော မြို့ပြပြောက် ကျားအဖွဲ့များမှာ စစ်ကြောရေးတွင် အချိန်ကြာမြင့်စွာနှိပ်စက်ခံနေရပြီး ထောင်သို့မရောက်ဘဲ သတင်းဖျောက်ခံနေရသည်ဟု ဆိုသည်။

ပြောက်ကျားတပ်ဖွဲ့ ROM မှ မန္တလေးတောင်ပေါ် တော်လှန်ရေးအလံ လွှင့်ထူခဲ့စဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)
ပြောက်ကျားတပ်ဖွဲ့ ROM မှ မန္တလေးတောင်ပေါ် တော်လှန်ရေးအလံ လွှင့်ထူခဲ့စဥ်(ပုံအဟောင်းကို အသုံးပြုထားပါသည်)

ပြီးခဲ့သည့် ဇွန်လဆန်းပိုင်းကတည်းက စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရသူ ရဲဘော်လင်းယုန်မှာ ယခုထိသတင်းမကြားရသေးကြောင်း မန္တလေးအခြေစိုက် မြို့ပြပြောက်ကျား တပ်ဖွဲ့ Rangers of Mandalay – ROMက ယနေ့(ဇူလိုင် ၂၂)အသိပေးထုတ်ပြန်သည်။

“အဖွဲ့နဲ့ တွဲမိရင် ဖမ်းဆီးခံရတဲ့ ရဲဘော်အတွက်အခြေ အနေပိုဆိုးနိုင်လို့ အခုမှ သတင်းထုတ်ပြန်ရခြင်းဖြစ်ပါတယ်”လို့ ROM က ဖော်ပြသည်။

Public Service Announcement
Public Service Announcement

ရဲဘော်လင်းယုန်၏ သတင်းကို ယခုထိမကြားရသေးသလို မန္တလေးမြို့တွင် ဖမ်းဆီးခံရသော မြို့ပြပြောက် ကျားအဖွဲ့များမှာ စစ်ကြောရေးတွင် အချိန်ကြာမြင့်စွာနှိပ်စက်ခံနေရပြီး ထောင်သို့မရောက်ဘဲ သတင်းဖျောက်ခံနေရသည်ဟု ဆိုသည်။

ထို့အပြင် မန္တလေးမြို့တွင် CCTV version အသစ်များတပ်ဆင်ထားပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့များအနေဖြင့် ခက်ခက်ခဲဲခဲလှုပ်ရှား​နေရသော အခြေအနေဖြစ်ကြောင်း အသိပေးထားသည်။

Public Service Announcement

Public Service Announcement

Rangers Of Mandalay – ROM ပြောက်ကျားတပ်ဖွဲ့သည် ပြီးခဲ့သည့် ဇွန်လအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးနှင့် စစ်ရေးလှုပ်ရှားမှု သုံးကြိမ်ပြုလုပ်ခဲ့ရာ ဇွန် ၁၅ ရက်တွင် မန္တလေးနန်းတွင်း၌အထိုင်ချထားသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဂိတ်ပေါက်အား ဝင်ရောက်ပစ်ခတ်ခဲ့မှုလည်း ပါဝင်သည်။

ဆက်စပ်သတင်းများ

သတင်း

မုံရွာ-မန္တလေးလမ်းပိုင်းက စစ်ယာဉ်တန်းတိုက်ခံရတဲ့နေရာကို စစ်တပ်က အထိုင်စခန်းချပြီး ပြည်သူတွေကို ဖမ်းဆီးငွေညစ်နေတယ်လို့ မုံရွာမြို့နယ်သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်အုပ်စိုးမှု ကာလအတွင်း မြန်မာနိုင်ငံမှာ နေထိုင်ခဲ့ရတဲ့ အတွေ့အကြုံတွေအကြောင်း စာအုပ် ရေးသားခဲ့သူ အမေရိကန် နိုင်ငံသား တဦးကို စစ်တပ်က ဖမ်းဆီးလိုက်ကြောင်း ရိုက်တာသတင်းဌာနက​ဖော်ပြပါတယ်။

သတင်း

မြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတဲ့ မြ၀တီမြို့မှာ မြို့သာယာလှပဖို့ဟုဆိုကာ စစ်အုပ်စုက တောင်းရမ်းသူ‌တွေကို ဖမ်းဆီးပြီး မြို့ပြင်ထုတ် နယ်နှင်ဒဏ်ပေးလိုက်တယ်လို့ သတင်းရရှိပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်တော်မြို့နယ်ကနေ စက်သုံးဆီနဲ့ စက်ပစ္စည်းတွေတင်လာတဲ့​လှေ တစ်စီးဟာရမ်းဗြဲမြို့နယ်၊မင်းကြောင်းချောင်းရွာအနီး ပင်လယ်ပြင်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး ​လှေပေါ် ပါလာသူ ခုနစ်ဦးပါ ထိန်းသိမ်းခံထားရတယ်လို့ ဒေသခံတွေက ပြောပါတယ်။