Connect with us

Hi, what are you looking for?

သတင်း

မြဝတီမြို့တွင်BGF ဂိတ်တစ်ဂိတ်ကို PDFနှင့်မဟာမိတ်ပူး​ပေါင်းအဖွဲ့တိုက်ခိုက် ၊BGF တစ်ဦး​​သေပြီးတစ်ဦးဒဏ်ရာရ

“အ​ရှေ့ဘက်၊ ​တောင်ဘက်၊အ​နောက်ဘက် ဆက်တိုက်ပစ်​နေတာ။ထိုင်​​တော်မူဘုရာအ​နောပ်ဘက်ကိုပစ်​နေတာ” ဟု​ဒေသခံတစ်ဦးက​ပြောသည်။

(မြဝတီ မြို့တွင်းတစ်​နေရာ။ ။ဓါတ်ပုံ-BNI)
(မြဝတီ မြို့တွင်းတစ်​နေရာ။ ။ဓါတ်ပုံ-BNI)

မြဝတီမြို့ရှိ BGFဂိတ်တစ်ခုကို PDFနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ကယ​နေ့ည​နေတွင်တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရခဲ့သည်။

မြဝတီမြို့ရှိ တုံးတံတားBGFဂိတ်ကို ဇူလိုင် ၂၂ ညနေ ၄နာရီခန့်တွင်PDF နှင့် ပူး​ပေါင်းမဟာမိတ်အဖွဲ့က အလစ်အငိုက်ဝင်တိုက်ခိုက်ခြင်းဟု PDF တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။ မဟာမိတ်အဖွဲ့မှာမည်သည့်အဖွဲ့ဖြစ်​ကြောင်းကိုမူမသိရ​သေး​ပေ။

“သေနတ်သံတွေ ဆူညံကုန်တာ။ ပူးပေါင်းတပ်က BGFကိုချတာ။ ပွဲက လှတယ်”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

တိုက်ခိုက်ခံရသော BGF ဂိတ်သည် BGF ခေါင်းဆောင် စောချစ်သူ၏လူရင်းဗိုလ်မုတ်သုံထိန်းချုပ်မှုအောက်တွင်ရှိသော ဂိတ်ဖြစ်သည်ဟု ဒေသခံများကပြောသည်။ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် -BGFသည် ပြည်သူလူထုအတွက် ကောင်းကျိုးမပေးသည့် တပ်ဖွဲ့ဟု မြဝတီမြို့ခံများကပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် မြဝတီမြို့တွင် ယ​နေ့ည ၇ နာရီ ခွဲဝန်းကျင်မှစ၍စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်​ရေများစွာပစ်ခတ်​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“အ​ရှေ့ဘက်၊ ​တောင်ဘက်၊အ​နောက်ဘက် ဆက်တိုက်ပစ်​နေတာ။ထိုင်​​တော်မူဘုရာအ​နောပ်ဘက်ကိုပစ်​နေတာ” ဟု​ဒေသခံတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်တိုက်ပွဲမှာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရခဲ့ပြီး အလင်း၀င်လာတဲ့ စစ်မှုထမ်းတပ်သားတွေကို ကောင်းမွန်စွာထိန်းသိမ်းထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ဂန့်ဂေါခရိုင်စစ်ဌာနက ဒီကနေ့ ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အတွင်းက ဧရာဝတီမြစ်ရဲ့အရှေ့ဘက်ခြမ်းမှာ နေထိုင်ကြတဲ့ပြည်သူတွေအနေနဲ့ စစ်တပ်အထိုင်ချရာ နေရာတွေနဲ့ လွတ်ကင်းရာနေရာ ဒေသတွေကို ခေတ္တပြောင်း‌ရွှေ့နေထိုင်ကြဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊TRIဗျူဟာ က ထုတ်ပြန်ထားပါတယ်။

သတင်း

မကွေးတိုင်း၊ သရက်မြို့နယ်မှာ စစ်တပ်စစ်ကြောင်းကို တိုက်တိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ဒီကနေ့ ဩဂုတ် ၁၂ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။