Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မြဝတီမြို့တွင်BGF ဂိတ်တစ်ဂိတ်ကို PDFနှင့်မဟာမိတ်ပူး​ပေါင်းအဖွဲ့တိုက်ခိုက် ၊BGF တစ်ဦး​​သေပြီးတစ်ဦးဒဏ်ရာရ

“အ​ရှေ့ဘက်၊ ​တောင်ဘက်၊အ​နောက်ဘက် ဆက်တိုက်ပစ်​နေတာ။ထိုင်​​တော်မူဘုရာအ​နောပ်ဘက်ကိုပစ်​နေတာ” ဟု​ဒေသခံတစ်ဦးက​ပြောသည်။

(မြဝတီ မြို့တွင်းတစ်​နေရာ။ ။ဓါတ်ပုံ-BNI)
(မြဝတီ မြို့တွင်းတစ်​နေရာ။ ။ဓါတ်ပုံ-BNI)

မြဝတီမြို့ရှိ BGFဂိတ်တစ်ခုကို PDFနှင့် ပူးပေါင်းမဟာမိတ်အဖွဲ့ကယ​နေ့ည​နေတွင်တိုက်ခိုက်ခဲ့ရာ BGF တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီးတစ်ဦးဒဏ်ရာရခဲ့သည်။

မြဝတီမြို့ရှိ တုံးတံတားBGFဂိတ်ကို ဇူလိုင် ၂၂ ညနေ ၄နာရီခန့်တွင်PDF နှင့် ပူး​ပေါင်းမဟာမိတ်အဖွဲ့က အလစ်အငိုက်ဝင်တိုက်ခိုက်ခြင်းဟု PDF တပ်ဖွဲ့နှင့်နီးစပ်သူတစ်ဦးကပြောသည်။ မဟာမိတ်အဖွဲ့မှာမည်သည့်အဖွဲ့ဖြစ်​ကြောင်းကိုမူမသိရ​သေး​ပေ။

“သေနတ်သံတွေ ဆူညံကုန်တာ။ ပူးပေါင်းတပ်က BGFကိုချတာ။ ပွဲက လှတယ်”ဟု မြဝတီမြို့ခံတစ်ဦးကပြောသည်။

တိုက်ခိုက်ခံရသော BGF ဂိတ်သည် BGF ခေါင်းဆောင် စောချစ်သူ၏လူရင်းဗိုလ်မုတ်သုံထိန်းချုပ်မှုအောက်တွင်ရှိသော ဂိတ်ဖြစ်သည်ဟု ဒေသခံများကပြောသည်။ စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ်နယ်ခြားစောင့်တပ် -BGFသည် ပြည်သူလူထုအတွက် ကောင်းကျိုးမပေးသည့် တပ်ဖွဲ့ဟု မြဝတီမြို့ခံများကပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင် မြဝတီမြို့တွင် ယ​နေ့ည ၇ နာရီ ခွဲဝန်းကျင်မှစ၍စစ်​ကောင်စီတပ်က လက်နက်ကြီးဖြင့် အချက်​ရေများစွာပစ်ခတ်​နေ​ကြောင်း​ဒေသခံအချို့က​ပြောသည်။

“အ​ရှေ့ဘက်၊ ​တောင်ဘက်၊အ​နောက်ဘက် ဆက်တိုက်ပစ်​နေတာ။ထိုင်​​တော်မူဘုရာအ​နောပ်ဘက်ကိုပစ်​နေတာ” ဟု​ဒေသခံတစ်ဦးက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

KNLA ပူး​ပေါင်းတပ်များ မြဝတီမှယာယီဆုတ်​သော်လည်း မြဝတီမြို့သို့ စစ်ကူရန်ဆိုကာ လာ​နေ​သော စစ်တပ်စစ်ကူစစ်​ကြောင်းကိုမူ ​ဖြတ်​တောက်တိုက်ခိုက်ချေမှုန်းသွားမည်ဟု အသိ​ပေးသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။