Connect with us

Hi, what are you looking for?

သတင်း

ချင်းတွင်းမြစ်အတွင်း အစုန်၊အဆန် မော်တော်ယာဥ်အားလုံး ရက်အကန့်အသတ် မရှိ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်

“မနေ့က(ဇူလိုင် ၂၂ ရက်) ကနီအပိုင် ငါးဖျက်ရွာကို စခတွေ ဝင်မွှေတယ်။ကြိုတင်မိုင်းထောင် ထားနိုင်ခဲ့တာကြောင့် အနည်းဆုံးငါးဦးလောက် သေလိမ့်မယ်”ဟု KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသည့် အကြမ်းဖက်စစ်ကောင်စီရေယာဥ် အုပ်စုအား တွေ့ရစဥ်။ဓာတ်ပုံ DBTF
ချင်းတွင်းမြစ်အတွင်း ဆန်တက်နေသည့် အကြမ်းဖက်စစ်ကောင်စီရေယာဥ် အုပ်စုအား တွေ့ရစဥ်။ဓာတ်ပုံ DBTF

ချင်းတွင်းမြစ်အတွင်း အစုန်၊အဆန် မော်တော်ယာဥ်အားလုံး ရက်အကန့်အသတ် မရှိ ဖြတ်သန်းသွားလာခွင့်မပြုတော့ကြောင်း နဂါးညီနောင်တပ်ဖွဲ့(DBTF)က ယနေ့(ဇူလိုင် ၂၃ ရက်)တွင် ထုတ်ပြန်သည်။

အဆိုပါ သတိပေးချက်ကို နဂါးညီနောင်တပ်ဖွဲ့အပါအဝင် Yoma Fighter PDF နှင့် ရတနာပုံ တော်လှန်ရေးတပ်ဖွဲ့တို့ ပူးတွဲ ကြေညာခဲ့သည်။

“ဒီနေ့ မနက်အစောပိုင်းချင်းတွင်းမြစ်ဘေးက ရွာတွေကို အကြမ်းဖက်စစ်တပ်က ဝင်မွှေတယ်။ စခ တွေ အကြောင်းမဲ့ ဖမ်းခေါ်သွားခံရတဲ့ ပြည် သူတချို့ရှိတယ်။နောက်ပြီး ဒီကောင်တွေ ရေ ယာဥ်တွေ အစုန်အဆန် မကြာခဏ ရှိနေတယ်”ဟု ချင်းတွင်းမြစ်ဘေးတိုက်ပွဲများတွင်ပါဝင်နေသည့် ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

DBTF
DBTF

မုံရွာမြို့နယ်၊ အလုံမင်းဒေါင့်ဆိပ်ကမ်းမှ ထွက်လာသည့် စစ်ကောင်စီ ရေယာဥ် နှစ်စီးသည်ယနေ့ နံနက် ၅ နာရီခွဲခန့်ကစ၍ ပန်းတိမ်ပြင် နှင့် ကျောက်မှော်ရွာ တို့ကို ပစ်ခတ်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ါ

Public Service Announcement

Public Service Announcement

ယမန်နေ့ ဇူလိုင်(၂၂ ရက်)ကလည်း စစ်ကောင်စီ ရေယာဉ်(၂)စီးဆန်တက်စဥ် ရွှေစာရေးရွာအောက် ဖက်အနီးတွင် ဒေသကာကွယ်ရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်။

“မနေ့က(ဇူလိုင် ၂၂ ရက်) ကနီအပိုင် ငါးဖျက်ရွာကို စခတွေ ဝင်မွှေတယ်။ကြိုတင်မိုင်းထောင် ထားနိုင်ခဲ့တာကြောင့် အနည်းဆုံးငါးဦးလောက် သေလိမ့်မယ်”ဟု KLG PDF တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

ဇူလိုင် ၁၈ ရက်မှစ၍ မုံရွာမြို့ မင်း​ဒေါင့်ဆိပ် ကမ်းမှတဆင့် ထွက်ခွာလာ သောရေယာဥ် အုပ်စုတွင်အမြန်ယာဥ်စစ်သဘော်ကင်းထောက်ဘုတ်နှစ်စီး အပါအဝင်ရေယာဥ် ၁၃ စီး နှင့် စစ်သားအင်အား ၁၀၀ ကျော်ပါဝင်​ပြီးချင်းတွင်းမြစ်အ​ထက်ပိုင်းသို့ ဆက်တက်လာ​နေ​ကြောင်း ​ဒေသတွင်း PDFများက သတိ​ပေးထားသည်။

အဆိုပါ ရေယာဥ်အုပ်စုသည် စစ်ကိုင်းအထက်ပိုင်းရှိခန္တီးနှင့် ဟုမ္မလင်းမြို့သို့ စစ်ကောင်စီက လက် နက်ခဲယမ်း ရိက္ခာ များကိုပို့ဆောင်ရန်လုံခြုံရေးယူပေးမည့် စစ်သင်္ဘောတစ်စီးနှင့် ပြောက် ကျားစစ်အမြန်ယာဥ်နှစ်စီးမှာ မင်းဒေါင့်ဆိပ်ကမ်း၌ ဇူလိုင် ပထမပတ်တည်းက တပ်စွဲ ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချင်းတွင်းမြစ်​​ကြောင်းအတိုင်း စစ်တပ်ရေယာဥ်တွေ စုန်ဆင်းလာလို့ မြစ်ကမ်းဘေးနေ ပြည်သူတွေ သတိပြုနေထိုင်ကြဖို့ ချင်းတွင်းမြစ်ကမ်းဘေးကျေးရွာများသပိတ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

ချင်းတွင်းမြစ်အတွင်းက စစ်သင်္ဘောအုပ်စု ကနီမြို့နယ်မှာ တိုက်ခိုက်ခံရတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့မှာ ရှိနေတဲ့ စစ်သင်္ဘောအုပ်စုဟာ ပြန်လည်ထွက်ခွာလာနိုင်တာကြောင့် ချင်းတွင်းမြစ်ဘေးက ပြည်သူတွေအနေနဲ့ ဘေးလွတ်ရာ ရှောင်တိမ်းကြဖို့ တော်လှန်ရေးတပ်တွေနဲ့ နီးစပ်သူတချို့က ပြောပါတယ်။