Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ကို တရားစီရင်မပြီးမချင်းတော်လှန်ရေးမပြီး၊​ ပြေးစရာ​မြေမရှိ​စေရဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး

ထို့အပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

မင်းအောင်လှိုင်ကို တရားစီရင်မပြီးမချင်းတော်လှန်ရေး မပြီး၊​ပြေးစရာ​မြေမရှိ​စေရဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး
မင်းအောင်လှိုင်ကို တရားစီရင်မပြီးမချင်းတော်လှန်ရေး မပြီး၊​ပြေးစရာ​မြေမရှိ​စေရဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစီရင် မပြီးမချင်း လက်ရှိတော်လှန်ရေးပြီးဆုံးမည်မဟုတ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်ကွပ်မျက်ပြီးကြောင်း သတင်း ထုတ်ပြန်အပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက ယင်းသို့ ရေးသား ဖော်ပြလာခြင်းဖြစ်သည်။

“မင်း​အောင်လှိုင်ကို တရားစီရင်လို့ မပြီးမချင်းဒီ​တော်လှန်​ရေး မပြီး။ ပြေးစရာ​မြေ တစ်လက်မမှ မရှိ​စေရ ကမ္ဘာဆုံး​အောင် လိုက်မယ်” ဟု ဝန်ကြီးဦးရည်မွန်က ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်ကလည်း ကွပ်မျက်သည့် သတင်း မှန်ခဲ့မည်ဆိုပါက ‘သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်’ ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူကလည်း “ပြန်ပေးဆပ်ရမယ်” ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံထဲ ကို မကောင်းတဲ့ စွမ်းအင်တွေ ၀င်ရောက်လာတယ်လို့ ထိုင်းရဲတပ်ဖွဲ့ဝင်တဦးက ဒီကနေ့ပြောပါတယ်။

သတင်း

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင် ရှေ့မှာ ငြိမ်းချမ်းရေးနဲ့ လူသားချင်းစာနာမှုတွေအတွက် အော်ဟစ်ဆန္ဒပြခဲ့တဲ့ ပြည်သူ့ပါတီ (PP)ရဲ့ အမတ် အနူဆွမ် သွမ်ချိုင်က မင်းအောင်လှိုင်ဆီလိပ်မူတဲ့ပေးစာကိုထုတ်ပြန်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်း မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ထိုင်းနိုင်ငံခရီးစဉ်နဲ့ ပတ်သက်ပြီး ထိုင်းတက္ကသိုလ် ၃ ခုရဲ့ကျောင်းသား သမဂ္ဂတွေ နဲ့ ကျောင်းသား အဖွဲ့အစည်းတွေက ပူးတွဲထုတ်ပြန်ချက်တစ်စောင်နဲ့ကန့်ကွက်ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း​ခေါင်း​ဆောင်မင်း​အောင်လှိုင် ဘန်​ကောက်​ရောက်​နေစဥ်မှာ ဘန်​ကောက်ကစာသင်​ကျောင်းပစ်ခတ်မှုဖြစ်ပွားခြင်းဖြစ်