Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

မင်းအောင်လှိုင်ကို တရားစီရင်မပြီးမချင်းတော်လှန်ရေးမပြီး၊​ ပြေးစရာ​မြေမရှိ​စေရဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး

ထို့အပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

မင်းအောင်လှိုင်ကို တရားစီရင်မပြီးမချင်းတော်လှန်ရေး မပြီး၊​ပြေးစရာ​မြေမရှိ​စေရဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး
မင်းအောင်လှိုင်ကို တရားစီရင်မပြီးမချင်းတော်လှန်ရေး မပြီး၊​ပြေးစရာ​မြေမရှိ​စေရဟု NUG ကာကွယ်ရေးဝန်ကြီး အသိပေး

အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားစီရင် မပြီးမချင်း လက်ရှိတော်လှန်ရေးပြီးဆုံးမည်မဟုတ်ကြောင်း NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ၊ NLD အမတ်ဟောင်း ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ကိုအောင်သူရဇော်တို့ကို စစ်ကောင်စီက သေဒဏ်ကွပ်မျက်ပြီးကြောင်း သတင်း ထုတ်ပြန်အပြီးတွင် အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးက ယင်းသို့ ရေးသား ဖော်ပြလာခြင်းဖြစ်သည်။

“မင်း​အောင်လှိုင်ကို တရားစီရင်လို့ မပြီးမချင်းဒီ​တော်လှန်​ရေး မပြီး။ ပြေးစရာ​မြေ တစ်လက်မမှ မရှိ​စေရ ကမ္ဘာဆုံး​အောင် လိုက်မယ်” ဟု ဝန်ကြီးဦးရည်မွန်က ဆိုသည်။

ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်ကလည်း ကွပ်မျက်သည့် သတင်း မှန်ခဲ့မည်ဆိုပါက ‘သက်ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်’ ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် “တကယ် မှန်ခဲ့မယ်ဆိုရင်တော့ မိုက်မဲခြင်းလို့ပဲ ပြောရတော့မှာပါ။ ရှာကြံပြီး ခွင့်လွှတ်ပေးချင်သူတွေတောင် နောက်ဆုတ်သွားကြတော့မှာပါ” ဟုလည်း ဗိုလ်ချုပ်ဂွန်မော်က ဆိုသည်။

ဦးဖြိုးဇေယျာသော်၏ ဇနီးဖြစ်သူကလည်း “ပြန်ပေးဆပ်ရမယ်” ဟု ၎င်း၏ လူမှုကွန်ရက်၌ ရေးသားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

ပြီးခဲ့သည့် ဧပြီ ၁၆ ရက်တွင် အစိုးရဖွဲ့စည်းခြင်း ၃နှစ်ပြည့်ခဲ့သော NUG က ယနေ့တွင် ၃နှစ်ပြည့်သတင်းစာရှင်းလင်းပွဲပြုလုပ်ကာ ကြေညာချက်တစ်စောင်လည်း ထုတ်ပြန်ခဲ့သည်။

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။