စစ်အာဏာရှင်ဖြုတ်ချရေးအဖြစ် ကလေးမြို့ ပြည်သူများ၏သပိတ်စစ်ကြောင်းသည် ဗိုလ်ချုပ်လမ်းမပေါ်သို့ ချီတက်၍ ယနေ့နံနက်တွင်ဆန္ဒပြလှည့်လည်ခဲ့ကြသည်။
စစ်ခေါင်းဆောင်များက ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအတွက် ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၉၅ ရက်ရှိပြီဖြစ်သည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များက တိုက်ပွဲသုံးလက်နက်များကို အသုံးပြု၍ ဆန္ဒပြပြည်သူများကို ပစ်ခတ်သတ်ဖြတ်နေသော်လည်း ပြည်သူများက စစ်အာဏာရှင်စနစ်အလိုမရှိကြောင်း ငြိမ်းချမ်းသောနည်းလမ်းမျိုးစုံဖြင့် လမ်းပေါ်ထွက်၍ နိုင်ငံတစ်ဝန်း ဆန္ဒထုတ်ဖော်နေကြသည်မှာလည်း ၁၉၂ ရက်ရှိပြီဖြစ်သည်။