Connect with us

Hi, what are you looking for?

သတင်း

မလှိုင်မြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအား PDFတောင်သာ ပစ်ခတ်ရှင်းလင်း

အဆိုပါ​ရှင်းလင်းမှုအား PDFတောင်သာအဖွဲ့နှင့် မလှိုင်တော်လှန်ရေး အင်အားစုတို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ ဆိုင်ကယ်တစ်စီး၊ သမရုံးစာရွက်စာတမ်းများနှင့် တံဆိပ်တုံးများ သိမ်းဆည်းရမိခဲ့ကြောင်း PDFတောင်သာက အသိပေးထားသည်။

မလှိုင်မြို့နယ်
မလှိုင်မြို့နယ်

မန္တလေးတိုင်း၊ မလှိုင်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦးအား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း PDFတောင်သာက သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၂၆ရက်)နံနက် ၈နာရီကျော်က မလှိုင်မြို့နယ်၊ ရုံတောကျေးရွာနေ အကြမ်းဖက်စစ်ကောင်စီ၏ ရပ်ကျေးအုပ်ချုပ်ရေးမှူးလည်းဖြစ်၊ သမဝါယမရုံးစာရေးလည်းဖြစ်သူ ဦးဝင်းဆွေဆိုသူအား သေနတ်နှစ်ချက်ပစ်ခတ်ကာ ရှင်းလင်းခဲ့ပြီး သေဆုံးသွားကြောင်း PDFတောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူး သမစာရေးအား ရှင်းလင်းခဲ့ခြင်းနှင့်ပတ်သက်၍ PDF တောင်သာ တာဝန်ရှိသူက “ရုံးကိုအသွား လမ်းမှာ ရှင်းလင်းခဲ့တာပါ။ သူကစကစထောက်တိုင်။ သမငွေတွေ အတင်းအကျပ် ဆပ်ခိုင်းတယ်။ မီတာခတွေဆောင်ဖို့ စည်းရုံးတာတွေ၊ ခြိမ်းခြောက်တာတွေလုပ်တယ်။ CDM တွေကိုလည်း ခြိမ်းခြောက်တယ်။ သူကအနေအထိုင်ပိရိတယ်။”ဟု ပြောသည်။

အဆိုပါ​ရှင်းလင်းမှုအား PDFတောင်သာအဖွဲ့နှင့် မလှိုင်တော်လှန်ရေး အင်အားစုတို့ပူးပေါင်းကာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ၎င်းထံမှ ဆိုင်ကယ်တစ်စီး၊ သမရုံးစာရွက်စာတမ်းများနှင့် တံဆိပ်တုံးများ သိမ်းဆည်းရမိခဲ့ကြောင်း PDFတောင်သာက အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ရပ်ကျေးအုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်များရောက်ရှိိလာကာ စစ်ဆေးမှုများပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။