Connect with us

Hi, what are you looking for?

သတင်း

သေဒဏ်ချမှတ်စီရင်ခဲ့သည့် စစ်ကောင်စီလုပ်ရပ် ပြည်သူလူထုနှင့် နိုင်ငံတကာအား မထီမဲ့မြင်ပြုခြင်း ဖြစ်ဟု KPICT ထုတ်ပြန်ရှုတ်ချ

KIO/KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်အနေဖြင့်လည်း စစ်ကောင်စီ၏ သေဒဏ်ပြစ်ဒဏ်စီရင်မှု သတင်းသာ မှန်ကန်ပါက မိုက်မဲသည့်လုပ်ရပ်ဖြစ်ပြီး သက် ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဟု အသိပေးခဲ့သည်။

သေဒဏ်ချမှတ်စီရင်ခဲ့သည့် စစ်ကောင်စီလုပ်ရပ် ပြည်သူလူထုနှင့် နိုင်ငံတကာအား မထီမဲ့မြင်ပြုခြင်း ဖြစ်ဟု KPICT ထုတ်ပြန်ရှုတ်ချ
သေဒဏ်ချမှတ်စီရင်ခဲ့သည့် စစ်ကောင်စီလုပ်ရပ် ပြည်သူလူထုနှင့် နိုင်ငံတကာအား မထီမဲ့မြင်ပြုခြင်း ဖြစ်ဟု KPICT ထုတ်ပြန်ရှုတ်ချ

▪️ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲများ စတင်ကြောင်း ပူးတွဲကြေညာချက် ထုတ်ပြန်သည့် တစ်ချိန်တည်း၌ KIO/KIA ပါဝင်သည့် KPICTက ကြေညာချက်ထုတ်ပြန်ခဲ့ခြင်းဖြစ်

အကြမ်းဖက်စစ်ကောင်စီက သေဒဏ်ချမှတ်စီရင်ခဲ့ခြင်းအပေါ် ပြင်းထန်စွာ ပြစ်တင်ရှုတ်ချကြောင်း ကချင် လွတ်လပ်ရေးအဖွဲ့(KIO/KIA)နှင့် ကချင်နိုင်ငံရေးအင်အားစုများ စုဖွဲ့ပါဝင်သည့် Kachin Political Interim Coordination Team(KPICT)က ယနေ့ညပိုင်း၌ သဘောထား ထုတ်ပြန်သည်။

ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူများဖြစ်သည့် ၈၈ ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်သော ကိုကျော်မင်းယု(ခ) ဂျင်မီ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင် နှင့် ကိုအောင်သူရဇော် တို့ကို သေဒဏ်ချမှတ် ပြစ်ဒဏ်စီရင်ပြီးကြောင်း စစ်ကောင်စီက ထုတ်ပြန်ကြေညာခဲ့ခြင်းအပေါ် ယခုကဲ့သို့ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ပြည်သူလူထုနှင့် အာဆီယံအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းများ အကြိမ်ကြိမ် မေတ္တာရပ်ခံတားမြစ်ခဲ့သည့် ကြားမှ ထိုကဲ့သို့ သေဒဏ်များ ချမှတ်စီရင်ခြင်းသည် ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးကို လိုလားသော မြန်မာပြည်သူလူထုတစ်ရပ်လုံးနှင့် နိုင်ငံတကာအား မထီမဲ့မြင် ပြုခြင်းဖြစ်ကြောင်း ဖော်ပြထား သည်။

KPICT၏ ယခု ကြေညာချက်သည် ထုတ်ပြန်ချိန်သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)ကရင်နီ အမျိုးသားတိုးတက‌်ရေးပါတီ (KNPP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)တို့ ပူးတွဲပြီး ပြည်သူ့တော်လှန်ရေး အဆုံးသတ်တိုက်ပွဲစတင်ကြောင်း ကြေညာချက် ထုတ်ပြန်ချိန်နှင့် တစ်ချိန်တည်း၌ ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

KIO/KIA ခေါင်းဆောင် ဗိုလ်ချုပ်ဂွန်မော်အနေဖြင့်လည်း စစ်ကောင်စီ၏ သေဒဏ်ပြစ်ဒဏ်စီရင်မှု သတင်းသာ မှန်ကန်ပါက မိုက်မဲသည့်လုပ်ရပ်ဖြစ်ပြီး သက် ရောက်မှုတိုင်းတွင် တန်ပြန်သက်ရောက်မှုရှိသည်ဟု အသိပေးခဲ့သည်။

KIO/KIAသည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူ့ဘက်ရပ်တည်ကာ စစ်အာဏာရှင် ချုပ်ငြိမ်းရေးတိုက်ပွဲဝင်နေသည့်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။