Connect with us

Hi, what are you looking for?

News

အလုပ်သမားတွေအတွက် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ မြန်မာပါဝင်လာ

မြန်မာစစ်တပ်ဟာ လွတ်လပ်စွာပြောဆိုမှုကိုထိန်းချုပ် ဖိနှိပ်ဖို့အတွက် ဆိုင်ဘာဥပဒေတစ်ခုကိုပြဋ္ဌာန်းဖို့စီစဉ်ခဲ့ပြီး သူရဲ့ ဖိနှိပ်ဖြိုခွင်းမှုကို လုံးဝအလျှော့မပေးဘဲဆက်လက်လုပ်ဆောင် နေတာလို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်​ခြောက်လအကြာတွင် မြန်မာနိုင်ငံဟာ အလုပ်သမားတွေအတွက် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာ ပါဝင်လာခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ ပထမဆုံးအကြိမ်အနေနဲ့ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာပါဝင်လာတာဖြစ်ပါတယ်။

“ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းထားတဲ့စစ်အာဏာရှင်ဟာ ဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုကြတဲ့ ဆန္ဒပြသူလူထုတွေအပေါ် အကြင်နာတရားကင်းမဲ့စွာ နှိပ်ကွပ်ဖြိုခွဲမှုတွေကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ အလုပ်သမားတွေအပေါ် နေရာအနှံအပြားနှိပ်ကွပ်ပြီး ပြည်သူလူထုအပေါ်ဖိနှိပ်မှုပြုလုပ်တဲ့ နိုင်ငံအဖြစ် သက်ဆင်းကျရောက်ခဲ့တာပါ” လို့ အမေရိကန် သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

ဆက်လက်ပြီး “နေ့စဉ်ဆန္ဒပြမှုတွေဟာ ပိုမိုတိုးမြှင့်လာတဲ့ရက်စက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ပြည်သူအနည်း ဆုံး ၅၅၀ သေဆုံးခဲ့ရပြီး ရာပေါင်းများစွာထိခိုက်ဒဏ်ရာရှိခဲ့ကြသလို လူပေါင်း ၂၇၀၀ ကျော်အဖမ်းခံခဲ့ရ၊ တရားစွဲခံရ ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်ပါတယ်” လို့ သံရုံးက ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ လွတ်လပ်စွာပြောဆိုမှုကိုထိန်းချုပ် ဖိနှိပ်ဖို့အတွက် ဆိုင်ဘာဥပဒေတစ်ခုကိုပြဋ္ဌာန်းဖို့စီစဉ်ခဲ့ပြီး သူရဲ့ ဖိနှိပ်ဖြိုခွင်းမှုကို လုံးဝအလျှော့မပေးဘဲဆက်လက်လုပ်ဆောင် နေတာလို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

တစ်ချိန်က ကမ္ဘာ့မူးယစ်ဆေးဝါးမြေပုံပေါ်မှာ နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ ရွှေတြိဂံဒေသဟာ ဘိန်းစိုက်ပျိုးမှုနဲ့ မူးယစ်ဆေးဝါးထုတ်လုပ်မှု တစ်ကျော့ပြန် မြင့်တက်လာမှုကြောင့် နိုင်ငံတကာကပြန်လည်အာရုံစိုက်စောင့်ကြည့်လာရတဲ့ ဒေသတစ်ခု ဖြစ်လာနေပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှု (ကျားဖြန့်လုပ်ငန်း)တွေမှာ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ထိုင်ဝမ်နိုင်ငံသား အဖမ်းခံရ၊ တရားစွဲဆို ခံထားရကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးဌာန (MOFA)က စက်တင်ဘာ ၈ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

ဆောင်းပါး

ဟွန်ဆန်နှင့် မင်းအောင်လှိုင် - အတိတ်ရဲ့ အရိပ်နဲ့ အနာဂတ်ရဲ့ ရွေးချယ်မှု

သတင်း

မြန်မာနိုင်ငံမှာ ကြီးလေးတဲ့ နိုင်ငံတကာရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ အကြိမ်ရေနဲ့ ပြင်းထန်မှုကလည်း ပိုပြီး မြင့်တက်နေကြောင်း မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)အကြီးအကဲ နီကိုလတ်စ်ခွန်ဂျန်က ပြောကြားပါတယ်။