Connect with us

Hi, what are you looking for?

News

အလုပ်သမားတွေအတွက် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံမှာ မြန်မာပါဝင်လာ

မြန်မာစစ်တပ်ဟာ လွတ်လပ်စွာပြောဆိုမှုကိုထိန်းချုပ် ဖိနှိပ်ဖို့အတွက် ဆိုင်ဘာဥပဒေတစ်ခုကိုပြဋ္ဌာန်းဖို့စီစဉ်ခဲ့ပြီး သူရဲ့ ဖိနှိပ်ဖြိုခွင်းမှုကို လုံးဝအလျှော့မပေးဘဲဆက်လက်လုပ်ဆောင် နေတာလို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

အကြမ်းဖက်စစ်တပ်က အာဏာသိမ်းပြီးနောက်​ခြောက်လအကြာတွင် မြန်မာနိုင်ငံဟာ အလုပ်သမားတွေအတွက် ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာ ပါဝင်လာခဲ့ပါတယ်။
အပြည်ပြည်ဆိုင်ရာအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် (ITUC) ရဲ့ ၂၀၂၁ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးညွှန်းကိန်းအရ မြန်မာနိုင်ငံဟာ ပထမဆုံးအကြိမ်အနေနဲ့ ကမ္ဘာ့အဆိုးရွားဆုံးနိုင်ငံ ၁၀ နိုင်ငံထဲမှာပါဝင်လာတာဖြစ်ပါတယ်။

“ဖေဖော်ဝါရီ ၁ ရက်မှာ အာဏာသိမ်းထားတဲ့စစ်အာဏာရှင်ဟာ ဒီမိုကရေစီပြန်လည်ရရှိရေးတောင်းဆိုကြတဲ့ ဆန္ဒပြသူလူထုတွေအပေါ် အကြင်နာတရားကင်းမဲ့စွာ နှိပ်ကွပ်ဖြိုခွဲမှုတွေကြောင့် မြန်မာနိုင်ငံဟာ ၂၀၂၁ ခုနှစ်အတွင်းမှာ အလုပ်သမားတွေအပေါ် နေရာအနှံအပြားနှိပ်ကွပ်ပြီး ပြည်သူလူထုအပေါ်ဖိနှိပ်မှုပြုလုပ်တဲ့ နိုင်ငံအဖြစ် သက်ဆင်းကျရောက်ခဲ့တာပါ” လို့ အမေရိကန် သံရုံးက ဒီနေ့ထုတ်ပြန်ပါတယ်။

ဆက်လက်ပြီး “နေ့စဉ်ဆန္ဒပြမှုတွေဟာ ပိုမိုတိုးမြှင့်လာတဲ့ရက်စက်မှုတွေနဲ့ကြုံတွေ့ခဲ့ရပါတယ်။ ပြည်သူအနည်း ဆုံး ၅၅၀ သေဆုံးခဲ့ရပြီး ရာပေါင်းများစွာထိခိုက်ဒဏ်ရာရှိခဲ့ကြသလို လူပေါင်း ၂၇၀၀ ကျော်အဖမ်းခံခဲ့ရ၊ တရားစွဲခံရ ဒါမှမဟုတ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်ပါတယ်” လို့ သံရုံးက ဖော်ပြပါတယ်။

ဒါ့အပြင် မြန်မာစစ်တပ်ဟာ လွတ်လပ်စွာပြောဆိုမှုကိုထိန်းချုပ် ဖိနှိပ်ဖို့အတွက် ဆိုင်ဘာဥပဒေတစ်ခုကိုပြဋ္ဌာန်းဖို့စီစဉ်ခဲ့ပြီး သူရဲ့ ဖိနှိပ်ဖြိုခွင်းမှုကို လုံးဝအလျှော့မပေးဘဲဆက်လက်လုပ်ဆောင် နေတာလို့ အမေရိကန်သံရုံးက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာနယ်စပ်၊ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ကျည်ဆန်များကျရောက်မှုအပေါ် မဲ့ကုကင်းဒေသရှိ ထိုင်းပြည်သူ​တွေက ဒီက​နေ့ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဆောင်းပါး

ALNAP ၏ မြန်မာနိုင်ငံဆိုင်ရာ ၂၀၂၆ ခုနှစ် လူသားချင်းစာနာမှုစနစ် အခြေအနေ အစီရင်ခံစာ

သတင်း

မြန်မာနိုင်ငံရဲ့ကုန်ထုတ်လုပ်မှုခြောက်လဆက်တိုက်ကျဆင်းနေပြီး ကုန်ကြမ်းမလုံလောက်မှု၊ သယ်ယူပို့ဆောင်စရိတ် ၊ သွင်းကုန်လိုင်စင်ရရှိရေး အခက်အခဲနဲ့ ငွေလဲနှုန်းအပြောင်းအလဲတွေ မြင့်တက်နေတယ်လို့ အမေရိကန်အခြေစိုက်စီးပွားရေးသတင်းအချက်အလက်အဖွဲ့အစည်း S&P Global ကထုတ်ပြန်ပါတယ်။

ဆောင်းပါး

“အာဏာသိမ်းမှုနောက်ပိုင်း မြန်မာနိုင်ငံသား ၃၇ သန်းကျော်၊ နိုင်ငံလူဦးရေရဲ့ ၆၈ ရာခိုင်နှုန်းအထိ ဆင်းရဲမွဲတေမှုထဲ နစ်မြုပ်လာပါတယ်။”