Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ် တိုက်ပွဲစစ်ကောင်စီတပ်မှ၄ ဦးသေ၊ ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ဦးကျဆုံး

ထို့အပြင်မြိုင်မြို့နယ်မြောက်ပိုင်းတွင်လည်းယနေ့စစ်ကောင်စီတပ်ကိုပြောက်ကျားနည်းဖြင့်တိုက်ခိုက်ရာစစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟုသိရသည်။

(မြိုင် ပကဖ တပ်ဖွဲ့ဝင်အချို့ )
(မြိုင် ပကဖ တပ်ဖွဲ့ဝင်အချို့ )

မကွေးတိုင်း မြိုင်မြို့နယ်တွင် စစ်ကောင်စီတပ်နှင့် ယနေ့တိုက်ပွဲ များဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ​လေးဦးသေဆုံးပြီး မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ရဲဘော်၂ဦးလည်း ကျဆုံးခဲ့ ကြောင်း မြိုင်ပကဖ ကသတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၂၇ရက်)တွင်မြိုင်နယ်အရှေ့ဘက် မြိုင်ပကဖ ရဲဘော်များသည် စဘေရွာအနီးရှိရှေ့ကင်းထောက်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦးအား ပစ်ခတ်ခဲ့ကြောင်း၊ ဆိုင်ကယ်အသင့်စောင့်၍ မိုင်းပွိုင့်ခွဲ၍ ခြောက်လှန်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁ဦးသေဆုံးခဲ့ကြောင်း ဖော်ပြထားသည်။

ထို့အပြင်မြိုင်မြို့နယ်မြောက်ပိုင်းတွင်လည်းယနေ့စစ်ကောင်စီတပ်ကိုပြောက်ကျားနည်းဖြင့်တိုက်ခိုက်ရာစစ်ကောင်စီတပ်မှ ၃ဦးသေဆုံးကာ ဒဏ်ရာရသူများ ရှိခဲ့သည်ဟုသိရသည်။

အဆိုပါ တိုက်ပွဲများ၌ ပကဖ ရဲဘော် ၂ဦး ကျဆုံးခဲ့ကြောင်း မြိုင်ပကဖက သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲများနေရာအများအပြားတွင်ဖြစ်လာ၍ ပြည်သူများ အနေဖြင့် တက်နိုင်သမျှ ကူညီကြရန်လည်း မြိုင်ပကဖက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်အတွင်း ရောက်ရှိ​နေတဲ့ စစ်တပ်စစ်ကြောင်းကြောင့် ကျေးရွာ ၁၀ ရွာထက်မနည်း တိမ်းရှောင်နေရကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။