Connect with us

Hi, what are you looking for?

သတင်း

လူငယ် ၅ဦးတိုက်ပေါ်မှ ခုန်ချခဲ့ရသည့် ရန်ကုန်မြို့ ၄၄လမ်းဖြစ်စဥ်တွင် စစ်ကောင်စီကို သတင်းပေးခဲ့သူအုပ်ချုပ်ရေးမှူးကို ရှင်းလင်းခဲ့ဟု ပြောက်ကျားတပ်ဖွဲ့ အသိပေး

စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ် သည့် လုပ်ရပ်များကို ဘယ်သောအခါမှမေ့မည်မဟုတ်ဘဲ မလွဲမသွေ သွေးကြွေးဆပ်သွား မည်ဖြစ်ကြောင်းလည်း Inya Urban Forceက ထုတ်ပြန်ခဲ့သည်။

Inya Urban Force
Inya Urban Force

စစ်ကောင်စီအုပ်ချုပ်ရေးမှူးများ မနှုတ်ထွက်ပါက သေလူအဖြစ်သတ်မှတ်ထား ရန် သတိပေး

ရန်ကုန်မြို့တွင် ယမန်နှစ် သြဂုတ်လက ဖြစ်ပွားခဲ့သည့် ကြယ်ပွင့်လေးများ တိုက်ပေါ်မှ ခုန်ချသေဆုံးခဲ့ရသော (၄၄)လမ်းဖြစ်စဉ်အတွက် သွေးကြွေးဆပ်ခဲ့ကြောင်း မြို့ပြပြောက်ကျားတပ်ဖွဲ့ တစ်ခုဖြစ်သည့် Inya Urban Forceက အသိပေးသည်။

ယနေ့ (ဇူလိုင် ၂၈ရက်) နေ့လည်ပိုင်းတွင် ရန်ကုန်မြို့ ဗိုလ်တထောင်မြို့နယ် (၄၂) လမ်းပေါ်တွင် ရှိနေသော ဒလံ သန်းဝင်း (ခ) ဘော်ဘီအား Inya Urban Force နှင့် အမည်မဖော်လိုသော မြို့ပြပြောက်ကျား တပ်ဖွဲ့တစ်ဖွဲ့တို့ပူးပေါင်း ကာ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း၊ သေနတ်ဖြင့် အနီးကပ် (၃)ချက် ပစ်ခတ်ခဲ့ရာ ထိုနေရာမှာပင် ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။

သန်းဝင်း(ခ)ဘော်ဘီသည် ယမန်နှစ် ၂၀၂၁ သြဂုတ် ၁၀ရက်က ရန်ကုန်မြို့ (၄၄) လမ်းတွင် ဖြစ်ခဲ့သော အကြမ်းဖက်စစ်ကောင်စီတပ်မှ ဝင်ရောက်စီးနင်းမှုကြောင့် လူငယ် ၅ဦး တိုက်ပေါ်မှခုန်ချကာ လူငယ် ၂ ဦး (သို့) ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ကျန်လူငယ်များ ပြင်းထန်စွာ ရိုက်နှက်ဖမ်းစီးခံရသောဖြစ်စဉ်အတွက် အဓိကသတင်းပေးသော အုပ်ချုပ်ရေးမှူးဖြစ်သည်ဟု ဆိုသည်။

ထိုဖြစ်စဉ်အပြီးတွင် မြို့ပြပြောက်ကျားတပ်ဖွဲ့တချို့မှ အဆင်ခြင်မဲ့စွာ ကြိုတင် သတိပေး ခြိမ်းခြောက်ခဲ့သောကြောင့် အချိန်အတော်ကြာ ထွက်ပြေးတိမ်းရှောင် နေခဲ့ရာ ယခုအခါ ယခင်နေထိုင်ရာနေရာသို့ ပြန်လည်ရောက်ရှိလာသည်ကို ပြည်သူများက သတင်းပေးလာ၍ ခြေရာခံပြီး ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ဒီမင်ရှင်ကို လုပ်ရတာ တော်တော်လေး ကြပ်ကြပ်တည်းတည်း လုပ်ရတာပေါ့။အဓိကတော့ မြို့လယ်ကောင်ဖြစ်နေတယ်။ ပတ်ပတ်လည်မှာ ရဲစခန်းရှိတယ်။ အနီးဆုံးတွေမှာလည်း သူတို့ရဲ့ ဂိတ်တဲ၊ ကင်းပုန်းတွေရော တကယ့်ဘန်ကာအခိုင်အမာနဲ့ချထားတဲ့ ကင်းတွေရော အပြည့်အစုံ ရှိတဲ့နေရာပေါ့နော်။ အဲဒီ ပတ်ချာလည်မှာရှိတဲ့ ရန်ကုန်မြို့လယ်ကောင် တည့်တည့်မှာ လုပ်ရတာ ဖြစ်တော့ နည်းနည်းလေးတော့ ပြင်ဆင်ရတဲ့ အပိုင်းရှိတယ်။ ဒါပေမဲ့ ဘယ်အချိန်၊ ဘယ်နေရာ ပဲဖြစ်ဖြစ် ကျွန်တော်တို့ရဲ့ရန်သူကို သုတ်သင်ရှင်းလင်း နိုင်စွမ်းကျွန်တော်တို့မှာရှိတယ်။ တောက်လျှောက်လည်း အဲဒီလိုရှင်းလင်းနိုင်ခဲ့တယ်”ဟု IUFပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက People’s Springသို့ ပြောသည်။

Inya Urban Force
Inya Urban Force

လက်ရှိအချိန်ထိ စစ်ကောင်စီလက်အောက် တာဝန်ထမ်းဆောင်နေမည့် အုပ်ချုပ်ရေးမှူးများ အနေဖြင့်လည်း ဘော်ဘီနောက် မလိုက်လိုပါက ရာထူးမှ ချက်ချင်းနှုတ်ထွက်ရန်လိုအပ်ကြောင်း ၎င်းက သတိပေးသည်။

“နောက်တစ်ချက်က ကျွန်တော်တို့ ရဲဘော်ရဲဘက် တော်လှန်ရေးအဖွဲ့ အစည်းတွေကို သတင်းစကား ပါးချင်တာက ကြိုတင်သတင်းထုတ်ပြန်တဲ့ဟာမျိုးလေးတွေ သတိထားစေချင်တာ တစ်ခုပါပဲ။ အခုလက်ရှိ ကျွန်တော်တို့ ရှင်း လိုက်တဲ့ ဘော်ဘီဆိုရင် စဖြစ်ဖြစ်ချင်းကတည်းက ရှင်းလင်းဖို့ ရည်ရွယ်ခဲ့တယ်။ ဒါပေမဲ့ အွန်လိုင်းပေါ်မှာ မလို အပ်ဘဲနဲ့ ခြိမ်းခြောက်တဲ့ဟာမျိုးတွေ လျှောက်လုပ် လိုက်တော့ သူက ပုန်းရှောင်သွားတယ်။ နောက်မှ သူပြန်လာခဲ့တယ်။ ပြန်လာတဲ့အချိန် ကျွန်တော်တို့ လုပ်လိုက်တာ။မြို့ပြပြောက်ကျားတွေရဲ့ တကယ့် အခြေခံ စည်းမျဉ်းက သိုသိုသိပ်သိပ်နဲ့လုပ်စရာရှိတာမြန်မြန်ဆန်ဆန်လုပ်ဖို့ ပဲအရေးကြီးတဲ့အတွက် ကျွန်တော်တို့ အားလုံး လက်တွဲ ညီညီ အဲဒီလိုပဲ လုပ်ချင်ပါတယ်လို့ ပြောချင်ပါတယ်။ ”ဟု IUF မြို့ပြပြောက်ကျားတပ်ဖွဲ့ တာဝန်ရှိသူက ပြောသည်။

(၄၄) လမ်းဖြစ်စဉ်သည် အချိန်တစ်နှစ်ခန့် ကြာခဲ့ပြီဆိုသော်လည်း လူငယ် ၅ဦး အလွတ်ကြီး ခုန်ချသွားခဲ့ရသည့် အကြောင်းကို အမှတ်ရနေကြောင်း၊ သတင်းပေးဒလံနှင့် ဖမ်းဆီးမှုဖြစ်စဉ်တွင် ပါဝင်ခဲ့သူများ၊ အမိန့်ပေးစေခိုင်းခဲ့သူတိုင်းကို အမှတ်ရနေကြောင်း ဖော်ပြထားသည်။

ခုန်ချမှုကြောင့် ဒဏ်ရာရထားပြီး သေလုမျောမျောဖြစ်နေသူများကို သေနတ်ဒင်များဖြင့် ရိုက်နှက်ခဲ့ခြင်း၊ စစ်ဖိနပ်များနှင့် စောင့်ကန်ခဲ့ခြင်းကိုလည်း အမှတ်ရနေပြီး သေဆုံးသွားသည့် ၊ ဖမ်းဆီးချုပ်နှောင်ခြင်း ခံထားရသည့်၊ နှိပ်စက်ခံထားရသည့် လူငယ်များကိုလည်း အမြဲအမှတ်ရ နေကြောင်း Inya Urban Forceက ထုတ်ပြန်သည်။

ကျန်ရှိနေသေးသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဘက်တော်သား အုပ်ချုပ်ရေးမှူးများကိုလည်း အမြန်ဆုံးနှုတ်ထွက်ကြရန်နှင့် မနှုတ်ထွက်ပါက မိမိကိုယ်မိမိသေလူ အဖြစ်သတ်မှတ်ထားရန် သတိပေးလိုက် ကြောင်း ဖော်ပြထားသည်။

စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ပြည်သူလူထုအပေါ် ကျူးလွန်ခဲ့သော ရက်စက် ကြမ်းကြုတ် သည့် လုပ်ရပ်များကို ဘယ်သောအခါမှမေ့မည်မဟုတ်ဘဲ မလွဲမသွေ သွေးကြွေးဆပ်သွား မည်ဖြစ်ကြောင်းလည်း Inya Urban Forceက ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ခါကာဘို ရေးသားသည်။ “ဂျပန်မှာ အလုပ်အကိုင်အခွင့်အလမ်းကောင်းတယ်၊ လစာကောင်းတယ်၊ အနာဂတ်ရှိတယ်” ဆိုတာ မြန်မာလူငယ်အများစု ကြားဖူးနေကျ စကားပါ။ အထူးသဖြင့်မြန်မာနိုင်ငံရဲ့လက်ရှိ အခြေအနေအရ ဂျပန်နိုင်ငံကို အလုပ်သွားလုပ်ဖို့၊ ကျောင်းသွားတက်ဖို့၊ ဒါမှမဟုတ် အခြေချနေထိုင်ဖို့ စဉ်းစားနေသူတွေ တိုးလာနေပါတယ်။ ဒါပေမယ့်တစ်ဖက်မှာစိတ်ဝင်စားစရာကောင်းတဲ့ အပြောင်းအလဲတစ်ခု ဂျပန်နိုင်ငံအတွင်း ဖြစ်ပေါ်နေပါတယ်။ ဂျပန်ဟာ...

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

မွေးနေ့ကိတ်တစ်လုံးဟာ သူ့ထိုင်ခုံကို လှုပ်ခတ်သွားစေမယ်ဆိုတာကို နယ်ပိုင်ကြီး ဦးဇော်မိုးတစ်ယောက် မတွေးမိခဲ့ရိုးအမှန်ပါ။ နယ်ပိုင်ကြီးဆိုတာက အာဏာသိမ်းစစ်တပ်ရဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ ဦးစီးမှူး(အုပ်ချုပ်ရေးမှူး)ကို ခေါ်တာပါ။ ဦး​ဇော်မိုးက ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်၊ ဟဲဟိုးမြို့က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရဲ့ အုပ်ချုပ်ရေးမှူးတစ်ယောက်ပါ။

ဆောင်းပါး

စစ်အာဏာသိမ်းမှုကြောင့် လူ့ဘဝတစ်ခုလုံး စုတ်ပြတ်သွားလိမ့်မယ်လို့ မထင်ခဲ့မိကြောင်း အ သက် ၃၀စွန်းစအရွယ် စာရင်းကိုင်လူငယ်တစ်ဦးက ပြောတယ်။