Connect with us

Hi, what are you looking for?

သတင်း

ကွတ်ခိုင်နှင့် နမ့်ဖက်ကာအကြား KIAနှင့် စစ်ကောင်စီတပ် တိုက်ပွဲဖြစ်

ကချင်သတင်းဌာန KNG၏ တိုက်ပွဲသတင်းဖော်ပြထားရာ ကွတ်ခိုင်မြို့ အထက် ၃မိုင်အကွာ ဖာခတ်ကျေးရွာနှင့် နမ့်ဖလွန်းရွာအကြားတွင် နမ့်ဖက်ကာမှ ဆင်းလာသည့် အင်အား ၂၀၀ခန့် ပါစစ်ကြောင်း နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုဆိုသည်။

(ကချင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာ တနေရာတွင် တွေ့ရသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်သားများ)
(ကချင်ပြည်နယ် ရှေ့တန်းစစ်မျက်နှာ တနေရာတွင် တွေ့ရသည့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) စစ်သားများ)

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး-မူဆယ်လမ်း ရှိ ကွတ်ခိုင်မြို့နယ် နမ့်ဖလွန်းရွာ အနီးတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် စစ်ကောင်စီတပ်တို့ ယနေ့တိုက်ပွဲဖြစ်ပွားခဲ့ ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“ဒီနေ့မနက်ပိုင်းဖြစ်တာ စောစောကပဲနားသွားတာ။ နမ့်ဖလွန်းဘက်လို့ ပြောတယ်။မနေ့ကတော့ နမ့်ဖက်ကာနဲ့ မူဆယ်အကြား နမ့်အွန်ရွာ အထွက်ကနေရာ။ ဒီနေ့က နမ့်ဖလွန်းဘက်က ကွတ်ခိုင်နဲ့ နမ့်ဖက်ကာ ကြားပေါ့”ဟု ၎င်းက ဆိုသည်။

ယမန်နေ့က နမ့်အွန်ရွာအထွက်တွင် ကိုးကန့်တပ်ဖွဲ့(MNDAA)နှင့် စစ်ကောင်စီ တပ်အကြား တိုက်ပွဲဖြစ်ပွားခဲ့သည်ဟုသိရကြောင်း ဒေသခံက ပြောသည်။

Public Service Announcement
Public Service Announcement

ယမန်နေ့တိုက်ပွဲတွင်လည်း စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ဆက်တိုက်ပစ်ခတ် ခဲ့သည်ကို ကြားရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

ကချင်သတင်းဌာန KNG၏ တိုက်ပွဲသတင်းဖော်ပြထားရာ ကွတ်ခိုင်မြို့ အထက် ၃မိုင်အကွာ ဖာခတ်ကျေးရွာနှင့် နမ့်ဖလွန်းရွာအကြားတွင် နမ့်ဖက်ကာမှ ဆင်းလာသည့် အင်အား ၂၀၀ခန့် ပါစစ်ကြောင်း နှင့် KIA တို့ တိုက်ပွဲဖြစ်ပွား ခဲ့သည်ဟုဆိုသည်။

အဆိုပါဒေသတိုက်ပွဲများ၌ နှစ်ဖက် ကျဆုံးထိခိုက်အခြေအနေများကိုမူ မသိရသေးပေ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။