Connect with us

Hi, what are you looking for?

သတင်း

သစ်ပုတ်တိုက်ပွဲတွင်စစ်ကောင်စီတပ်မှအရာရှိအပါအဝင် ၄ဦးသေဆုံးပြီး သေနတ် ၂ လက်ကိုPDFများသိမ်းဆည်းရရှိ

စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့​ကြောင်း​ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်နှင့် ပစ္စည်းများ ဓါတ်ပုံ-ပဲခူးPDF)
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရမိ​သောလက်နက်နှင့် ပစ္စည်းများ ဓါတ်ပုံ-ပဲခူးPDF)

ပေါင်းတည်မြို့နယ် သစ်ပုတ်ကျေးရွာ၌ တာဝါတိုင်စောင့်နေသောစစ်ကောင်စီတပ်သားများနှင့် ပေါင်းတည်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ယ​နေ့​နေ့ခင်းပိုင်တွင်တိုက်ပွဲဖြစ်ပွားရာ စစ်​ကောင်စီတပ်မှ အရာရှိတစ်ဦး၊တပ်ကြပ်ကြီးတစ်ဦးနှင့် တပ်သားနှစ်ဦး စုစု​ပေါင်း ၄ ဦး​သေဆုံးပြီး ​သေနတ်နှစ်လက်သိမ်းဆည်းရရှိ​ကြောင်းပဲခူးတိုင်းPDFကထုတ်ပြန်သည်။

ပဲခူးတိုင်း​ပေါင်းတည်မြို့နယ် ပြည်သူ့ကာကွယ်​ရေးတပ်ရင်း ၃၆၀၁၊ တပ်ခွဲ(၁)နှင့် တပ်ရင်း ၃၆၀၂၊ တပ်ခွဲ(၂) ဒုတပ်ခွဲမှူးတို့ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက စစ်​ကောင်စီတပ်ကိုယ​နေ့ ( ဇူလိုင်လ၂၈ရက်နေ့) နေ့လယ်(၁)နာရီခွဲအချိန်တွင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်မအရာရှိ၁ဦး၊ တပ်ကြပ်ကြီး ၁ဦးအပါအဝင် အခြားအဆင့်၂ဦး စုစုပေါင်း (၄)ဦးသေဆုံးခဲ့ပြီး MA3 (၁)လက်၊ပစ္စတို(၁)လက်၊ စကားပြောစက်(၁)လုံး၊ ဖုန်း(၄)လုံး နှင့် မှတ်ပုံတင် (၁)ခု သိမ်းဆည်းရမိခဲ့​ကြောင်း​ဖော်ပြထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များမှာတိုက်ပွဲမှ အထိအခိုက်မရှိပဲအောင်မြင်စွာဆုတ်ခွာနိုင်ခဲ့​ကြောင်းသိရသည်။

Public Service Announcement

Public Service Announcement

ပဲခူးတိုင်း PDF တပ်ရင်းများသည်စစ်​ကောင်စီတပ်နှင့်​ဒေါက်တိုက်များကို အရှိန်မြှင့်တိုက်ခိုက်လာ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။