Connect with us

Hi, what are you looking for?

သတင်း

ချောင်းဦးတွင် PDF များကိုအား ဖက်ဒရယ်လစ်ဇင်သင်တန်းများပို့ချ​ပေး

မန္တလေးနှင့် မုံရွာရှိ သပိတ်ဦးဆောင်သူအချို့ကချောင်းဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဖက်ဒရယ်လစ်ဇင်သင်တန်းများ ပို့ချခဲ့ရာမုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ တပ်ရင်းများ၊ ပ.က.ဖ အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

ဓါတ်ပုံ-AMMA
ဓါတ်ပုံ-AMMA

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား မန္တ​လေးနှင့် မုံရွာသပိတ်ဦး​ဆောင်သူအချို့က ဖက်ဒရယ်လစ်ဇင်သင်တန်းများပို့ချနေသည်။

မန္တလေးနှင့် မုံရွာရှိ သပိတ်ဦးဆောင်သူအချို့ကချောင်းဦးမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဖက်ဒရယ်လစ်ဇင်သင်တန်းများ ပို့ချခဲ့ရာမုံရွာမြို့နယ်နှင့် ချောင်းဦးမြို့နယ်အတွင်းရှိ တပ်ရင်းများ၊ ပ.က.ဖ အဖွဲ့များ တက်ရောက်ခဲ့ကြသည်။

သင်တန်းတွင် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ Code of Conduct နှင့် ဂျနီဗာကွန်းဗန်းရှင်းဆိုင်ရာ သဘောတူညီချက်များ၊ လူ့အခွင့်အရေးဆိုင်ရာ လိုက်နာစရာများကို သင်ကြား ပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် Chains of Command နှင့် Code of Conduct များအကြောင်းကို သက်ဆိုင်ရာ ကာကွယ်ရေးတပ်ဖွဲ့ ခေါင်းဆောင်ပိုင်းများက ဝင်ရောက်ဆွေးနွေးခဲ့ကြပြီး သင်တန်းပို့ချသူများက မှန်ကန်သည့် သတင်းအချက်အလက်ရယူမှု၊ စုပေါင်းလုပ်ဆောင်တတ်မှုများနှင့် ပတ်သက်ပြီး ပို့ချဆွေးနွေးခဲ့ကြကြောင်း မန္တလေးက သပိတ်ဦးဆောင်သူ မအေးမြင့်အောင်အောင်က သူ​၏ လူမှုကွန်ရက်၌ ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

သင်တန်းနှင့်ပတ်သက်၍စီစဥ်သူမအေးမြင့်အောင်အောင်က”ရဲဘော်တွေ Game တွေပျော်ပျော်ပါးပါးဝင်ရောက်ကစားကြ၊ သင်တန်းမှာအပြန်အလှန်ဆွေးနွေးကြလာတာဟာ တော်လှန်ရေးအတွက် ကောင်းမွန်တဲ့အရွေ့တွေဖြစ်လာဖို့ မျှော်လင့်ပါတယ်။ ဖက်ဒရယ်နိုင်ငံတော်သစ်ကိုသွားဖို့ ဖက်ဒရယ် ဘာလဲ ဘယ်လဲ သိထားဖို့ လိုပါတယ်။ တော်လှန်ရေးအင်အားစုတွေဖက်ဒရယ်ကိုသိလာဖို့ကျွန်​​တော်တို့အချင်းချင်းကူညီမျှဝေသွားကြဖို့ လိုအပ်ပါတယ်။”ဟုပြောသည်။

ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ်ကိုင်းတိုင်းအတွင်းရှိ နယ်ဒေသတစ်ခုတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအား ဖက်ဒရယ်လစ်ဇင်သင်တန်းများပို့ချခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ချောင်းဦးမြို့နယ်မှာစစ်တပ်စစ်ကြောင်းအထိနာပြီး လက်နက်ခဲယမ်းတွေ ရတယ်လို့ ဒေသခံ စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ

သတင်း

စစ်ကြောင်းဝင်လာစဥ် မပြေးနိုင်တဲ့ ဘိုးဘွားအိုနှစ်ဦးကိုလည်း သတ်ဖြတ်ခဲ့