Connect with us

Hi, what are you looking for?

သတင်း

ဗန်းမောက်တွင် KIA/PDF ပူးပေါင်းတပ်ဖွဲ့၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် သေဆုံးထိခိုက်များ

Non CDM ဝန်ထမ်းများ၊ ရဲများ ပြည်သူ့ရင်ခွင်ထံသို့ ခိုလုံလိုပါက နေထိုင်စားသောက်ရေးအပြင် လုံခြုံရေးပါတာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

(ရှေ့တန်းတစ်နေရာ၌ တွေ့ရသော KIA တပ်သားများ)
(ရှေ့တန်းတစ်နေရာ၌ တွေ့ရသော KIA တပ်သားများ)

စစ်ကိုင်းတိုင်း ဗန်းမောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို ကချင်လွတ်လပ် ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များခဲ့သည်ဟု Banmauk Revolutionက ဖော်ပြသည်။

ဇူလိုင် ၂၉ရက် နံနက် ၁၁နာရီတွင် ဗန်းမောက်မြို့နယ် စက်တောတောင်၌ စစ်ကြောင်းထိုးနေသော စစ်ကောင်စီတပ်များကို တပ်များအား KIA /PDF ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ပြီး ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အသေအပျောက်များခဲ့ကြောင်း၊ နေ့လည်ပိုင်း၌လည်း တိုက်ပွဲ ထပ်မံ ဖြစ်ပွားခဲ့ကြောင်း အသိပေးထားသည်။

ညပိုင်းတွင်လည်း ဗိုလ်ဇင်ယော်ဦးဆောင်သော ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဗန်းမောက်မြို့တွင်းဝင်ရောက်၍ စစ်ကောင်စီတပ်စွဲထားသည့် နေရာများကို တိုက်ခိုက်ခဲ့ရာ ၁နာရီကျော်ကြာမြင့်ခဲ့ကြောင်း ဖော်ပြထားသည်။ အဆိုပါ တိုက်ခိုက်မှုတွင် ပြည်သူ့ရဲဘော်များ ထိခိုက်မှုမရှိကြောင်းနှင့် စစ်ကောင်စီတပ်မှ အသေအပျောက်စာရင်းကို မသိရသေးကြောင်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

ဇူလိုင် ၂၇ရက်ကလည်း ဗန်းမောက်မြို့အဝင်အနီးတပ်စွဲထားသော စစ်ကောင်စီတပ်များအား လက်နက် ကြီးဖြင့် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်သည်။ သေဆုံးသူများအနက် ဗိုလ်ကြီးတစ်ဦး ပါဝင်ကြောင်း ကြားသိရသော်လည်း အတည်မပြုနိုင်သေးကြောင်း ဖော်ပြထားသည်။

Non CDM ဝန်ထမ်းများ၊ ရဲများ ပြည်သူ့ရင်ခွင်ထံသို့ ခိုလုံလိုပါက နေထိုင်စားသောက်ရေးအပြင် လုံခြုံရေးပါတာဝန်ယူပေးမည်ဖြစ်ကြောင်းလည်း အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်နဲ့ ရှမ်းမြောက်က မဘိမ်းမြို့နယ် ငါးအိုးကျေးရွာအကြားမှာ တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ် အထိနာခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။