Connect with us

Hi, what are you looking for?

သတင်း

လွိုင်ကော် – ဒီမော့ဆိုလမ်းတစ်လျှာက် စစ်ကောင်စီတပ် စစ်ကြောင်းထိုးနေ

“စစ်ကြောင်းက လတ်တလော ကင်းထောက်ရသလောက်ဆို နှစ်ကြောင်းရှိတယ်။အင်အားက တော့ စောင့်ကြည့်တုန်းပဲ”ဟု KNDF မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

(ယခုနှစ် မတ်လအတွင်းက လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးနေစဉ်)
(ယခုနှစ် မတ်လအတွင်းက လွိုင်ကော်-ဒီးမော့ဆို လမ်းမကြီးတစ်လျှောက် အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးနေစဉ်)

လွိုင်ကော် – ဒီမော့ဆိုလမ်းမကြီးတစ်လျှောက်အကြမ်းဖက်စစ်ကောင်စီက စစ်ကြောင်းထိုးနေကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ရင်း -၉က ထုတ်ပြန်သည်။

ယနေ့(ဇူလိုင် ၃၀ ရက်) ညနေပိုင်းကစ၍ အကြမ်းဖက်စစ်ကောင်စီတပ်က စစ်ရေးအရလှုပ်ရှားနေ၍ ပြည်သူများအနေဖြင့်လည်း လမ်းမကြီးကို အသုံးမပြုရန် သတိပေးသည်။

“စစ်ကြောင်းက လတ်တလော ကင်းထောက်ရသလောက်ဆို နှစ်ကြောင်းရှိတယ်။အင်အားက တော့ စောင့်ကြည့်တုန်းပဲ”ဟု KNDF မှ တာဝန်ရှိသူက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
Public Service Announcement

ထိုကဲ့သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလာ ခြင်းမှာ လွိုင်ကော် – ဒီမော့ဆိုလမ်းမကြီးကိုပြန် လည်ထိန်းချုပ်ရန် ကြိုးပမ်းမှုအဖြစ် ၎င်းက ယူဆသည်။

Public Service Announcement

Public Service Announcement

ယခု ဖြစ်စဥ်မတိုင်မီကလည်း ကရင်နီပြည်နယ်ရှိ မိုးဗြဲမြို့ကို အကြမ်းဖက်စစ်တပ်က ထိန်းချုပ်ရန် ကြိုးပမ်းနေသည်။

ကရင်နီပြည်နယ်တွင် စစ်ကောင်စီတပ်သည် ၎င်းတို့ခြေကုတ်ထားသော စခန်းတွင် ခံတုတ်ကျင်းများဘန်ကာများအား ခိုင်ခန့်အောင်တည်ဆောက်ထားပြီး လက်နက်ခဲယမ်းတောင့်တင်းစွာဖြည့် တင်းလျက်ရှိကြောင်းလည်း ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်တိုက်ပွဲမှာ အထိနာသွားတဲ့ စစ်တပ်က စစ်ကြောင်းထိုး မီးရှို့နေလို့ ကျေးရွာ ၁၀ ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုမြို့တော် ပုဂံ၊ညောင်ဦးမြို့နယ်က ငါ့သရောက်နယ်မြေမှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ် တိုက်ခိုက်ခံရပြီးနောက် စစ်သား ၂၀ လောက်ဟာ လက်နက်တွေယူပြီးထွက်ပြေးနေတယ်လို့ ပုဂံဘီလူးတပ်လို့ခေါ်တဲ့ ညောင်ဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ရှိသူက လူထုနွေဦးကို ပြောပါတယ်။