Connect with us

Hi, what are you looking for?

သတင်း

ပခုက္ကူမြို့နယ် အရှေ့ဘုန်းကံရွာဒေသခံများ ငါးရက်အတွင်း ပြန်မလာပါက အခြေအနေပိုးဆိုးမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်

“ရွာပြန်ရင် ဘယ်လိုအကြမ်းဖက်မလဲ မသိနိုင်ဘူး။ ဒါကြောင့် မပြန်ရဲကြဘူး။ အခုကျ ပြန်လာရမယ်တဲ့ မလာရင် ဒီထက်ဆိုးမယ်လို့ ပြောတယ်”ဟု မြို့ပေါ်တွင် လာရောက်တိမ်းရှောင် နေသော အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီရန်ကိုကြောက်၍ နေရပ်စွန့်ခွာထွက်ပြေးနေကြသော ပခုက္ကူမြို့ အရှေ့ဘုန်းကံရွာ ဒေသခံများ ငါးရက်အတွင်း ပြန်လာရန်နှင့် ပြန်မလာပါက အခြေအနေပိုးဆိုး သွားမည်ဟု စစ်ကောင်စီတပ်က ခြိမ်းခြောက်နေသည်ကြောင်း သတင်းရရှိသည်။

“ရွာပြန်ရင် ဘယ်လိုအကြမ်းဖက်မလဲ မသိနိုင်ဘူး။ ဒါကြောင့် မပြန်ရဲကြဘူး။ အခုကျ ပြန်လာရမယ်တဲ့ မလာရင် ဒီထက်ဆိုးမယ်လို့ ပြောတယ်”ဟု မြို့ပေါ်တွင် လာရောက်တိမ်းရှောင် နေသော အရှေ့ဘုန်းကံရွာဒေသခံတစ်ဦးက ပြောသည်။

အရှေ့ဘုန်းကံရွာတွင် ပြည်သူ့ကာကွယ်ရေးရဲဘော်များရှိသည်ဟုဆိုကာ စစ်ကောင်စီက လွန်ခဲ့သည့်လအနည်းငယ်မှစ၍ တပ်စွဲထားခဲ့ခြင်း ဖြစ်သည်။ ဒေသခံအချို့မှာ ယင်းအချိန်ကတည်း က နေရပ်စွန့်ခွာခဲ့ကြသည်။ အရှေ့ဘုန်းကံရွာမှ စစ်ကြောင်းကို ပခုက္ကူအခြေစိုက်ပြည်သူ့ကာကွယ် ရေး မဟာမိတ်များက ဇူလိုင် ၂၈ရက်တွင် တိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်က ငါးဦးသေဆုံးပြီးနောက် စစ်ကောင်စီက နည်းမျိုးစုံခြိမ်း​ခြောက်နေသောကြောင့် ဒေသခံများအားလုံး နေရပ်စွန့်ခွာခဲ့ ကြခြင်းဟု အရှေ့ဘုန်းကံရွာသားတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

နေရပ်စွန့်ခွာသွားသည့် ဒေသခံများ ငါးရက်အတွင်းပြန်လာရန် စစ်ကောင်စီက ယမန်နေ့(သြဂုတ် ၂ရက်)မှစတင်ကာသတိပေးခြင်းဟု တော်လှန်ရေးအင်အားစုများက သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။