Connect with us

Hi, what are you looking for?

သတင်း

ပလက်ဝနယ်တွင် ကျောင်းသားကလေးငယ်များပါလာသည့် စက်လှေကို စစ်ကောင်စီတပ် ပစ်ခတ်၍ ၅တန်း ကျောင်းသားနှစ်ဦး အသက်ဆုံးရှုံးရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် အသက်သေဆုံးသွားခဲ့ရသော ကျောင်းသားကလေးငယ် နှစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ICNCC က ထုတ်ပြန်ခဲ့သည်။

ICNCC
ICNCC

▪️လူမဆန်သော အကြမ်းဖက်လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ICNCC ထုတ်ပြန်

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် ကျောင်းသားကလေးငယ် နှစ်ဦးသေဆုံးခဲ့ရပြီး ယင်းသို့လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ် ၂ရက်) မွန်းလွဲပိုင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တုံးမဝကျေးရွာသို့ ကျောင်းတက်ပြီး ကုလားတန်မြစ်အတိုင်းပြန်လာသော ရီးမဝကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားငယ်များ စီးနင်းလိုက်ပါလာသောစက်လှေအား တုံးမဝကျေးရွာတစ်ဖက်ကမ်း နှမဒါကျေးရွာတွင်အခြေပြုထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ပဉ္စမတန်းကျောင်းသားများဖြစ်သည့် အသက် (၁၁)နှစ်အရွယ် အိုက်နေမင်းထွန်းနှင့် အိုက်အောင်သန်းမြတ်တို့ အသက်ဆုံးရှုံးခဲ့ရပြီး အခြားကျောင်းသား နှစ်ဦးနှင့် ပညာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း သုံးဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် အသက်သေဆုံးသွားခဲ့ရသော ကျောင်းသားကလေးငယ် နှစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ICNCC က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ချင်းပြည်နယ်အတွင်း လူမဆန်သောအကြမ်းဖက်လုပ်ရပ်များအား မိမိတို့ ကောင်စီအနေဖြင့်ပြင်းထန်စွာရှုတ်ချ ကြောင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ထုတ်နိုင်ချိန်တွင် တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ချင်းပြည်နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက် နေသာ စစ်ကောင်စီတပ်ဖွဲ့များအား ချင်းပြည် နယ်အတွင်းမှ ဖယ်ရှားနိုင်မှသာ ချင်းပြည်သူများ လုံခြုံငြိမ်းချမ်းနိုင်မည်ဖြစ်သဖြင့် စစ်အာဏာရှင်စနစ် အမြစ် ဖြုတ် ဖယ်ရှားနိုင်ရေးအတွက် ကျရာနေရာမှ ဆက်လက်ပါဝင် ဆောင်ရွက်ကြပါရန်လည်း ICNCCက ချင်းပြည်သူတစ်ရပ်လုံးအား တိုက်တွန်းပန်ကြားခဲ့သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကွန်ဂိုနိုင်ငံမှာ ဆိုးရွားတဲ့ မီးလောင်မှု တစ်ခုကြောင့် ကျောင်းသူကျောင်းသား နှစ်ဒါဇင်ကျော် အပါအဝင် လူအများအပြား သေဆုံးခဲ့ကြောင်း သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်စာကျေးရွာရှိ ရတနာပုံဆိုက်ဘာစီးတီးနည်းပညာတက္ကသိုလ်မှာမနေ့( စက်တင်ဘာလ ၈ ရက်)ညပိုင်း ၇ နာရီဝန်းကျင်က ကျောင်းသားအချင်းချင်း ဓားထိုးမှု ဖြစ်တာကြောင့် တစ်ဦးသေဆုံးသွားတယ်လို့ ဒေသခံဆီက သိရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

နီပေါနိုင်ငံက ကျောင်းအုပ်ကြီး တစ်ဦးရဲ့ ဆုံးဖြတ်ချက် တစ်ခုဟာ ကျောင်းသူကျောင်းသား ၉၀၀ လောက်ဟာ လူသတ် တောင်ကျရေတွေရဲ့ အန္တရာယ်ဆိုးကြီးကနေ ကပ်ပြီး လွတ်မြောက်ခဲ့ကြပါတယ်။