Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပလက်ဝနယ်တွင် ကျောင်းသားကလေးငယ်များပါလာသည့် စက်လှေကို စစ်ကောင်စီတပ် ပစ်ခတ်၍ ၅တန်း ကျောင်းသားနှစ်ဦး အသက်ဆုံးရှုံးရ

စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် အသက်သေဆုံးသွားခဲ့ရသော ကျောင်းသားကလေးငယ် နှစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ICNCC က ထုတ်ပြန်ခဲ့သည်။

ICNCC
ICNCC

▪️လူမဆန်သော အကြမ်းဖက်လုပ်ရပ်အပေါ် ပြင်းထန်စွာရှုတ်ချကြောင်း ICNCC ထုတ်ပြန်

ပလက်ဝမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် ကျောင်းသားကလေးငယ် နှစ်ဦးသေဆုံးခဲ့ရပြီး ယင်းသို့လူမဆန်သည့် အကြမ်းဖက်လုပ်ရပ်အား ပြင်းထန်စွာ ရှုတ်ချကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (ICNCC) က ထုတ်ပြန်သည်။

ယမန်နေ့ (ဩဂုတ် ၂ရက်) မွန်းလွဲပိုင်းက ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် တုံးမဝကျေးရွာသို့ ကျောင်းတက်ပြီး ကုလားတန်မြစ်အတိုင်းပြန်လာသော ရီးမဝကျေးရွာမှ ကျောင်းသူ၊ ကျောင်းသားငယ်များ စီးနင်းလိုက်ပါလာသောစက်လှေအား တုံးမဝကျေးရွာတစ်ဖက်ကမ်း နှမဒါကျေးရွာတွင်အခြေပြုထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

ထိုသို့ ပစ်ခတ်မှုကြောင့် ပဉ္စမတန်းကျောင်းသားများဖြစ်သည့် အသက် (၁၁)နှစ်အရွယ် အိုက်နေမင်းထွန်းနှင့် အိုက်အောင်သန်းမြတ်တို့ အသက်ဆုံးရှုံးခဲ့ရပြီး အခြားကျောင်းသား နှစ်ဦးနှင့် ပညာရေးဝန်ထမ်းတစ်ဦး စုစုပေါင်း သုံးဦး ပြင်းထန်စွာ ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များပစ်ခတ်မှုကြောင့် အသက်သေဆုံးသွားခဲ့ရသော ကျောင်းသားကလေးငယ် နှစ်ဦး၏ ကျန်ရစ်သူမိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲရပါကြောင်း ICNCC က ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ချင်းပြည်နယ်အတွင်း လူမဆန်သောအကြမ်းဖက်လုပ်ရပ်များအား မိမိတို့ ကောင်စီအနေဖြင့်ပြင်းထန်စွာရှုတ်ချ ကြောင်းနှင့် အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ထုတ်နိုင်ချိန်တွင် တရားမျှတမှုရရှိနိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

ချင်းပြည်နယ်အတွင်းသို့ ကျူးကျော်ဝင်ရောက် နေသာ စစ်ကောင်စီတပ်ဖွဲ့များအား ချင်းပြည် နယ်အတွင်းမှ ဖယ်ရှားနိုင်မှသာ ချင်းပြည်သူများ လုံခြုံငြိမ်းချမ်းနိုင်မည်ဖြစ်သဖြင့် စစ်အာဏာရှင်စနစ် အမြစ် ဖြုတ် ဖယ်ရှားနိုင်ရေးအတွက် ကျရာနေရာမှ ဆက်လက်ပါဝင် ဆောင်ရွက်ကြပါရန်လည်း ICNCCက ချင်းပြည်သူတစ်ရပ်လုံးအား တိုက်တွန်းပန်ကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။