Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီ အာဏာသိမ်းပြီးနောက် ဆေးမှု၊ ခိုးဆိုးလုယက်မှုများလာ၍ လုံခြုံရေးဂိတ်များထပ်တိုး ဖွင့်လှစ်လိုက်ကြောင်း TNLAအသိပေး

နမ့်ဆန်မြို့နယ်တွင် (၁) နေရာနှင့် မိုင်းငေါ့မြို့နယ်တွင် (၄) နေရာထပ်မံတိုးမြှင့်ထားလိုက်ပြီး စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

တအာင်းတပ်မတော်(TNLA) တပ်မဟာ (၂) စစ်ဒေသအတွင်းရှိ နမ့်ဆန်မြို့နယ်နှင့် မိုင်းငေါ့မြို့နယ်တွင် စစ်ကောင်စီ အာဏာသိမ်းပြီးနောက် မူးယစ်ဆေးဝါးမှု၊ ခိုးဆိုးလုယက်မှု များပြားလာခြင်းကြောင့် လုံခြုံရေးဂိတ်များထပ်မံတိုးမြှင့် ထားလိုက်ကြောင်း TNLA သတင်းနှင့် ပြန်ကြားရေးက ယနေ့ သတင်းဖော်ပြသည်။

နမ့်ဆန်မြို့နယ်တွင် (၁) နေရာနှင့် မိုင်းငေါ့မြို့နယ်တွင် (၄) နေရာထပ်မံတိုးမြှင့်ထားလိုက်ပြီး စောင့်ကြည့်စစ်ဆေးလျက်ရှိသည်ဟု ဆိုသည်။

နမ့်ဆန်မြို့နယ်တွင် တစ်ပတ်အတွင်း အနည်းဆုံး ဆိုင်ကယ် နှစ်စီးထက်မနည်း ခိုးခံရပြီး မိုင်းငေါ့မြို့နယ်တွင် နေ့စဉ်နှင့်အမျှ ဆိုင်ကယ်ပျောက်ဆုံးနေကြောင်း နယ်ခံများ၏တိုင်ကြားမှုများကို ရရှိခဲ့သည်ဟု ဆိုသည်။

ထို့ကြောင့် လုံခြုံရေးဂိတ်များ ထပ်တိုးထားရခြင်း ဖြစ်သည်ဟု အသိပေးထားပြီး ကျေးရွာအတွင်း လူအဝင်၊ အထွက်နှင့် ဒေသခံပြည်သူလူထု၏ လုံခြံရေးကိစ္စရပ်များကိုသာ အဓိက ဆောင်ရွက်သွားမည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပျက်ကျတယ်လို့ယူဆရတဲ့နေရာကို KIA ပူးပေါင်းတပ် လိုက်လံရှာ​ဖွေ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

သတင်း

စစ်တပ်ရဲ့တပ်ရင်း​ပေါင်း၂၀ကိုအ​ကောင်းဆုံးခုခံတိုက်ခိုက်ပြီးတစ်လအတွင်းလက်နက် ၅၀​ကျော်သိမ်း၊အရာရှိအပါအဝင်စစ်သားများစွာ​သေဆုံး