Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက် CDFအတွက် ကျပ်သိန်း ၃၀၀၊ မောင်းပြန် (၃)လက် လှုပ်ရှားမှုပြုလုပ်နေ၍ ပြည်သူများ ထည့်ဝင်ပေးကြရန် နှိုးဆော်တိုက်တွန်း

ကန်ပက်လက် CDF အနေဖြင့် လစဉ်လိုအပ်သည့် လက်နက်ခဲယမ်းပိုင်း၊ ရိက္ခာနှင့် အခြားကဏ္ဍများအတွက် ရန်ပုံငွေရရှိနိုင်ရေး ပြည်တွင်း၊ ပြည်ပရှိ ကန်ပက်လက်သူ၊ သားများနှင့်သာမက အခြားအဖွဲ့အစည်းများစွာ နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။

ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF) အတွက် ကျပ်သိန်း ၃၀၀ ၊ မောင်းပြန် (၃)လက် လှုပ်ရှားမှု ပြုလုပ်နေ၍ ပြည်သူများထည့်ဝင်လှူဒါန်းပေးကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ကန်ပက်လက် CDF အနေဖြင့် နွေဦးတော်လှန်ရေးတွင် အစောဆုံးလက်နက်စွဲ ကိုင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များအနက်မှ တစ်ခုဖြစ်သော်လည်း လက်ရှိအချိန်ထိ တူမီးအားပြု၍ တော်လှန်နေရဆဲဖြစ်ကြောင်း အသိပေးထားသည်။

ကန်ပက်လက် CDF အနေဖြင့် လစဉ်လိုအပ်သည့် လက်နက်ခဲယမ်းပိုင်း၊ ရိက္ခာနှင့် အခြားကဏ္ဍများအတွက် ရန်ပုံငွေရရှိနိုင်ရေး ပြည်တွင်း၊ ပြည်ပရှိ ကန်ပက်လက်သူ၊ သားများနှင့်သာမက အခြားအဖွဲ့အစည်းများစွာ နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အင်တာနက်ကွန်ယက်ရရှိမှု အားနည်းခြင်းနှင့် နည်းပညာနှင့် အလှမ်းဝေးမှုတို့ကြောင့် Campaign များ၊ ကန်ပက်လက်သို့ ရည်ရွယ်၍ ပြုလုပ်သည့် Fundraising Program များမှာ Social Media တွင် များစွာ ထိရောက်ပျံ့နှုံ့မှုမရှိဘဲ လျာထားဘတ်ဂျက်မပြည့်မီခြင်းများ မကြာခဏ ကြုံတွေ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ထောက်ပို့ရဲဘော်နှင့် Captain Zero တို့ ပူးပေါင်း၍ CDF-Kanpetlet အတွက် အနည်းဆုံး သိန်း ၃၀၀ ၊ မောင်းပြန် (၃)လက် Campaign ပြုလုပ်နေကြောင်း၊ သို့ရာတွင် မျှော်မှန်းထားသည့် ပမာဏ ပြည့်မီရန် များစွာလိုအပ်လျက်ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်တွင်း၊ပြည်ပရှိ ကန်ပက်လက်သူ၊ သားများအနေ ဖြင့် တတ်နိုင်သမျှ ထည့်ဝင်ပေးကြပါရန်နှင့် မြန်မာနိုင်ငံတစ်ဝန်းမှ CDF-Kanpetlet အား ပံ့ပိုးကူညီလိုသူ မိဘပြည်သူများ သိရိနိုင်ရေး ယခု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အသိပေးချက်ကို Like၊ Share၊ Comment များပေးခြင်းဖြင့် ပါဝင်ပေးကြပါရန် နှိုးဆော်တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည် (Chinland) ကောင်စီအစုအဖွဲ့ဝင် မြို့နယ်နဲ့ ဒေသအဖွဲ့အစည်းများ ပထမအကြိမ် တွေ့ဆုံပွဲ ပြုလုပ်ပြီး စစ်ရေးနိုင်ငံရေးမှာ ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)များရဲ့ အခန်းကဏ္ဍ မြှင့်တင်ဖို့ ဆွေးနွေးခဲ့ကြောင်း တွေ့ဆုံပွဲ သတင်းထုတ်ပြန်ချက်မှာ အသိပေးထားပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊တွန်းဇံမြို့နယ်ထဲက စစ်တပ်လက်အောက်ခံ ဇိုမီးတပ် ZRA-EC ရဲ့ နတ်ဇံကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်းချင်းဒေသကာကွယ်ရေးတပ်(CDF)-တွန်းဇံကသတင်းထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

Facebook