Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကန်ပက်လက် CDFအတွက် ကျပ်သိန်း ၃၀၀၊ မောင်းပြန် (၃)လက် လှုပ်ရှားမှုပြုလုပ်နေ၍ ပြည်သူများ ထည့်ဝင်ပေးကြရန် နှိုးဆော်တိုက်တွန်း

ကန်ပက်လက် CDF အနေဖြင့် လစဉ်လိုအပ်သည့် လက်နက်ခဲယမ်းပိုင်း၊ ရိက္ခာနှင့် အခြားကဏ္ဍများအတွက် ရန်ပုံငွေရရှိနိုင်ရေး ပြည်တွင်း၊ ပြည်ပရှိ ကန်ပက်လက်သူ၊ သားများနှင့်သာမက အခြားအဖွဲ့အစည်းများစွာ နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။

ကန်ပက်လက် ချင်းကာကွယ်ရေးတပ်(CDF) အတွက် ကျပ်သိန်း ၃၀၀ ၊ မောင်းပြန် (၃)လက် လှုပ်ရှားမှု ပြုလုပ်နေ၍ ပြည်သူများထည့်ဝင်လှူဒါန်းပေးကြရန် ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ကန်ပက်လက် CDF အနေဖြင့် နွေဦးတော်လှန်ရေးတွင် အစောဆုံးလက်နက်စွဲ ကိုင်ခဲ့သည့် တော်လှန်ရေးတပ်ဖွဲ့များအနက်မှ တစ်ခုဖြစ်သော်လည်း လက်ရှိအချိန်ထိ တူမီးအားပြု၍ တော်လှန်နေရဆဲဖြစ်ကြောင်း အသိပေးထားသည်။

ကန်ပက်လက် CDF အနေဖြင့် လစဉ်လိုအပ်သည့် လက်နက်ခဲယမ်းပိုင်း၊ ရိက္ခာနှင့် အခြားကဏ္ဍများအတွက် ရန်ပုံငွေရရှိနိုင်ရေး ပြည်တွင်း၊ ပြည်ပရှိ ကန်ပက်လက်သူ၊ သားများနှင့်သာမက အခြားအဖွဲ့အစည်းများစွာ နှင့် ချိတ်ဆက် ဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြသည်။

ထိုသို့ဆောင်ရွက်ရာတွင် အင်တာနက်ကွန်ယက်ရရှိမှု အားနည်းခြင်းနှင့် နည်းပညာနှင့် အလှမ်းဝေးမှုတို့ကြောင့် Campaign များ၊ ကန်ပက်လက်သို့ ရည်ရွယ်၍ ပြုလုပ်သည့် Fundraising Program များမှာ Social Media တွင် များစွာ ထိရောက်ပျံ့နှုံ့မှုမရှိဘဲ လျာထားဘတ်ဂျက်မပြည့်မီခြင်းများ မကြာခဏ ကြုံတွေ့ရသည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင် ထောက်ပို့ရဲဘော်နှင့် Captain Zero တို့ ပူးပေါင်း၍ CDF-Kanpetlet အတွက် အနည်းဆုံး သိန်း ၃၀၀ ၊ မောင်းပြန် (၃)လက် Campaign ပြုလုပ်နေကြောင်း၊ သို့ရာတွင် မျှော်မှန်းထားသည့် ပမာဏ ပြည့်မီရန် များစွာလိုအပ်လျက်ရှိနေကြောင်း ထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် ပြည်တွင်း၊ပြည်ပရှိ ကန်ပက်လက်သူ၊ သားများအနေ ဖြင့် တတ်နိုင်သမျှ ထည့်ဝင်ပေးကြပါရန်နှင့် မြန်မာနိုင်ငံတစ်ဝန်းမှ CDF-Kanpetlet အား ပံ့ပိုးကူညီလိုသူ မိဘပြည်သူများ သိရိနိုင်ရေး ယခု ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၏ အသိပေးချက်ကို Like၊ Share၊ Comment များပေးခြင်းဖြင့် ပါဝင်ပေးကြပါရန် နှိုးဆော်တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

စစ်ကောင်စီသည် စစ်ပွဲနှင့်တိုက်ရိုက်မသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူများကို အလစ်အငိုက်ချောင်း ဦးတည်တိုက်ခိုက်တက်သော အကျင့်ရှိသည်ဟု AA က အသိပေးသည်။

သတင်း

စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အကြောင်းမဲ့မီးဝင်ရှို့သွားခြင်းဖြစ်ကြောင်း၊ မီးရှို့ဖျက်ဆီးပြီးနောက် ၎င်းတို့တပ်စွဲရာနေရာများသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

သတင်း

စစ်မှုထမ်းဆင့်ခေါ်ရန်အတွက် အိမ်ထောင်စုစာရင်းများ လိုက်ကောက်သည့်အဖွဲ့၌ ဝန်းထမ်းအသစ်များပါလာသည်ကိုတွေ့ရကြောင်း ဒေသခံများကပြောသည်။