Connect with us

Hi, what are you looking for?

သတင်း

ရွှေဘိုမြို့နယ်အတွင်းလမ်းပိုင်းသုံးခုကိုည ၈ နာရီမှမနက် ၅ နာရီအတွင်း သွားလာခြင်းမပြုရန်နတ်တောင်နဂါး(ပကဖ)အသိပေး

သတိပေးထုတ်ပြန်ချက်ကို မိဘပြည်သူများမှတသွေမတိမ်း လိုက်နာဆောင်ရွက်ပေးကြပါရန်လည်း နတ်တောင်နဂါတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

(နတ်​​တောင်နဂါး ပကဖ ​ဆပ်ဖွဲ့ဝင်များ)
(နတ်​​တောင်နဂါး ပကဖ ​ဆပ်ဖွဲ့ဝင်များ)

ရွှေဘိုမြို့နယ်အတွင်းရှိ လမ်းပိုင်းသုံးခုကို ည ၈ နာရီမှ မနက် ၅ နာရီအတွင်း ပြည်သူများ သွားလာခြင်းမပြုကြရန် နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့မှယနေ့(သြဂုတ် ၅)ရက် ညပိုင်းတွင် အသိပေးထုတ်ပြန်သည်။

အဆိုပါလမ်းပိုင်းများမှာ ရွှေဘို့မြို့နယ် တောင်ဘက်ခြမ်းရှိ ရွှေဘို – မန္တလေးလမ်း၊ ဟံလင်း – ဆိုင်နိုင်ကွေ့လမ်းနှင့်ဆိုင်နိုင်ကွေ့. – ကျောက်တိုင်လမ်းပိုင်းများဖြစ်ပြီး ပြည်သူများမှ လုံးဝ(လုံးဝ) အသုံးပြုသွားလာခြင်းမပြုလုပ်ကြရန် အသိပေးကြေညာသည်။

“စကစ စစ်ကြောင်းကကျောက်တိုင်ရွာကနေ့အရှေကိုထွက်ဖို့လုပ်နေတယ်သတင်းရလို့ခုလို့ထုပ်ပြန်တာပါ”ဟု နတ်တောင်နဂါး(ပကဖ)ပြောက်ကျားတပ်ဖွဲ့မှ တော်လှန် ရေးရဲဘော်တစ်ဦးက ပြောသည်။

ဤ သတိပေးထုတ်ပြန်ချက်ကို မိဘပြည်သူများမှတသွေမတိမ်း လိုက်နာဆောင်ရွက်ပေးကြပါရန်လည်း နတ်တောင်နဂါတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။

Public Service Announcement

Public Service Announcement

အထက်ပါလမ်းပိုင်းများအား ကန့်သတ်အချိန်များတွင်ပြန်လည်အသုံးပြုနိုင်မည့် အချိန်အား ပြန်လည်အသိပေးသွားမည်ဖြစ်ပြီး ထိုအသိပေးချက် ပြန်လည်မထုတ်ပြန်မချင်း ကန့်သတ်ချက်အားလိုက်နာပေးကြရန် ထပ်မံအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ရွှေဘိုမြို့နယ် အနောက်ခြမ်းက ချီပါကျေးရွာအနီးကို စစ်တပ်က လေကြောင်းက ‌ဗုံးကြဲတိုက်ခိုက်ခဲ့လို့ သက်ကြီး အမျိုးသား ၁ဦး သေဆုံးပြီး ပြည်သူ ၈ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှာ ပျူစောထီးရွာကို အလင်းဝင်ဖို့ လက်ကမ်းစာစောင်တွေ ဒရုန်းနဲ့ ကျဲချပြီးတဲ့နောက် ပျူအဖွဲ့ဝင်တဦး လက်နက်ခဲယမ်းနဲ့တကွ ထပ်မံ အလင်းဝင်လာခဲ့ကြောင်း ရွှေဘိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။

သတင်း

ရွှေဘိုမြို့နယ်၊ကံကြီးတောကျေးရွာ၊ လုဒ်မယ်တော်သခင်မဘုရားကျောင်းမှ ကျောင်းထိုင်ဘုန်းကြီးဖြစ်သူ Father Donald Martin ရဲနိုင်ဝင်းအား သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသော ဒေသကာကွယ်ရေး (Local PDF) တပ်ဖွဲ့ဝင်ဆယ်ဦးကို ရွှေဘိုခရိုင်တပ်ရင်း(၅)ကဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

သတင်း

လာမည့် ၂၀၂၅တွင် စစ်ကိုင်းတိုင်းအတွင်း တပ်မဟာအသစ် တစ်ခုဖွဲ့စည်း၍ စစ်ဆင်ရေးအရှိန်အဟုန်ကို တိုးမြှင့်ဖော်ဆောင် သွားမည်ဖြစ်ကြောင်း မန္တလေး PDFက ထပ်မံအသိပေးသည်။