Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ကြရန် နှိုးဆော်

နိုင်ငံတကာအသိုင်းအဝိုင်းများ အနေဖြင့်လည်း ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုအား ပတ်သက်ဆက်ဆံခြင်း မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများကို ထောက်ခံ ကူညီခြင်းဖြင့် ပြည်သူ့ဆန္ဒကို အလေးထားကြောင်း ပြသပေးကြရန်လည်း GSCB က အလေးအနက် တိုက်တွန်းခဲ့သည်။

လာမည့် ဩဂုတ် ၈ရက်တွင် ကျရောက်သည့် ရှစ်လေးလုံး (၈၈၈၈) လူထုအရေးတော်ပုံကြီး (၃၄) နှစ်ပြည့် နှစ်ပတ်လည်နေ့တွင် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ကြရန် တော်လှန်ရေးအင်အားစုများက သြဂုတ် ၆ရက်တွက် တိုက်တွန်းနှိုးဆော်ခဲ့သည်။

မြန်မာ့နိုင်ငံရေးတွင် ရှစ်လေးလုံး အရေးတော်ပုံ ၏ အခန်းကဏ္ဍက လေးနက်စွာ မှတ်တမ်းတင်ထားရမည့် လူထုသမိုင်းမှတ်တိုင်တစ်ခု ဖြစ်သည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ကြရန် နှိုးဆော်
ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ကြရန် နှိုးဆော်

ယင်းအရေးတော်ပုံကြီးအတွင်း လူထုတိုက်ပွဲအင်အားကြောင့် အာဏာရှင်ဆိုးသုံးယောက် ဆက်တိုက် ပြုတ်ကြသည် အထိလှုပ်ရှားနိုင်ခဲ့ပြီး တစ်ပါတီအာဏာရှင်စနစ်ကို အဆုံးသတ်နိုင်ခဲ့သည်။

ထို့ကြောင့် ယခုနှစ် ရှစ်လေးလုံးအရေးတော်ပုံ (၃၄) နှစ်ပြည့်မြောက်သည့် အချိန်ကာလတွင်လည်း ပြည်သူလူထုက သမိုင်းတကျော့ပြန်အနေဖြင့် စစ်အာဏာရှင်စနစ်ကို တွန်းလှန် တိုက်ပွဲဝင်ကြရမည် ဖြစ်ကြောင်း အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု GSCB က တိုက်တွန်းခဲ့သည်။

Public Service Announcement

Public Service Announcement

ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ကြရန် နှိုးဆော်
ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ကြရန် နှိုးဆော်

” ယခု နွေဦးတော်လှန်ရေးကြီးမှာတော့ အာဏာရှင်စနစ်ပေါင်းစုံကို တွန်းလှန်ကြတဲ့နေရာမှာ အဆုံးသတ်တိုက်ပွဲအဖြစ် မှတ်ယူပြီး (၈၈) က မပြီးဆုံးသေးတဲ့ တိုက်ပွဲအလံတော်ကို ဆက်လက် သယ်ဆောင်နေကြခြင်း၊ လွှင့်ထူနေကြခြင်းလည်း ဖြစ်ပါတယ်။ ဒါကြောင့် ဒီသမိုင်းဝင် ရှစ်လေးလုံးအရေးတော်ပုံကြီး (၃၄) နှစ်ပြည့်အခါသမယမှာ ပြည်သူလူထုတစ်ရပ်လုံးအနေနဲ့ (၈၈၈၈) အရေးတော်ပုံရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်တွေကို ထုံမွှမ်းရယူ၊ လက်ဆင့်ကမ်း သယ်ဆောင်ပြီး စစ်အာဏာရှင်စနစ်ဆိုးကို အမြစ်ကနေ တွန်းလှန်လို့ ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်သစ်တစ်ရပ်ကို ပုံဖော်ထုဆစ်ကြဖို့၊ တော်လှန်ရေးမှာ ကဏ္ဍအသီးသီးကနေ အတူ ရုန်းကန် ဆောင်ရွက်ကြဖို့ အထူး တိုက်တွန်းလိုပါတယ် “ဟု GSCB က နှိုးဆော်ခဲ့သည်။

ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ကြရန် နှိုးဆော်
ရှစ်လေးလုံး လူထုအရေးတော်ပုံ နှစ်ပတ်လည်နေ့တွင် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများပြုလုပ်ကြရန် နှိုးဆော်

နိုင်ငံတကာအသိုင်းအဝိုင်းများ အနေဖြင့်လည်း ဖက်ဆစ် အကြမ်းဖက်စစ်အုပ်စုအား ပတ်သက်ဆက်ဆံခြင်း မပြုဘဲ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တော်လှန်ရေး အင်အားစုများကို ထောက်ခံ ကူညီခြင်းဖြင့် ပြည်သူ့ဆန္ဒကို အလေးထားကြောင်း ပြသပေးကြရန်လည်း GSCB က အလေးအနက် တိုက်တွန်းခဲ့သည်။

ထို့ကြောင့် ရှစ်လေးလုံးအရေးတော်ပုံကြီး၏ တော်လှန်စိတ်ကို နှလုံးသွင်းပြီး ပြည်သူလူထု တစ်ရပ်လုံးက တော်လှန်ရေးလှုပ်ရှားမှုများအဖြစ် သံပုံးတီးခြင်း၊ လူထုလှုပ်ရှားမှုများ ဖော်ဆောင်ခြင်းဖြင့် ပါဝင်တော်လှန်ကြရန် တော်လှန်ရေးအင်အားစုများက နှိုးဆော်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံ၊ နယူးယောက်စီးတီးရှိ Time Square ရင်ပြင်မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး ရှစ်လေးလုံး (၃၈)နှစ်ပြည့် အထိမ်းအမှတ် လှုပ်ရှားမှု ကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဗြိတိန်၊ အမေရိကန်၊ ဂျာမနီ၊ ပြင်သစ်၊ သြစ​​တြေးလျ၊ ဂျပန်၊ တောင်ကိုရီးယားနဲ့ ထိုင်ဝမ်တို့မှာ ရောက် ရှိနေတဲ့ မြန်မာတွေက (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် ထီးသပိတ်လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

Facebook