Connect with us

Hi, what are you looking for?

သတင်း

အရာတော်မင်းရွာသုံးရက်ဆက်တိုက်ပွဲတွင် စစ်ကြောင်းမှူးအပါအဝင် ၃၈ ဦးသေဟု BRTF ​ပြော

အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် သုံးရက်ဆက်တိုက်ပွဲကြီးတိုက်ထား၍ ပြည်သူများက လက်နက်ခဲယမ်းအတွက်အကူအညီ​ပေးကြရန်လည်းလည်းBRTF က​မေတ္တာရပ်ခံသည်။

မင်းရွာတွင် ကျန်ခဲ့​သောစစ်​​ကောင်စီတပ်ယူနီ​ဖောင်း ဓါတ်ပုံ- BRTF
မင်းရွာတွင် ကျန်ခဲ့​သောစစ်​​ကောင်စီတပ်ယူနီ​ဖောင်း ဓါတ်ပုံ- BRTF

●စစ်ကြောင်းမှူးအလောင်းအား ရဟတ်ယာဥ်ဖြင့်သယ်သွားပြီ၊တပ်သားအ​လောင်းများကိုမီးရှို့ခဲ့

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ မင်းရွာတွင်သုံးရက်ဆက်တိုက်ပွဲ၌စစ်ကောင်စီတပ်ဖွဲ့ဝင်၃၈ဦးသေဆုံးခဲ့ပြီးစစ်ကြောင်းမှူးတစ်ဦးလည်းပါဝင်ကာ ၎င်းအလောင်းအား ရဟတ်ယာဥ်ဖြင့်လာသယ်သွားကြောင်း ဗမာ့စွမ်းရည်မြင့်တပ်​တော် BRTF-Burmese Revolutionary Technical Front မှတာဝန်ရှိသူကပြောသည်။

သြဂုတ်လ၄ရက်နေ့မှ ၆ရက်နေ့အထိ မင်းရွာ ၃ရက်တာတိုက်ပွဲအတွင်း စစ်ကောင်စီဘက်မှ စစ်ကြောင်းမှူးတစ်ဦးအပါအဝင် ၃၈ ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့ကြောင်း၊ တော်လှန်ရေးတပ်ဖွဲ့များဘက်က စုစုပေါင်း ရဲဘော်၆ဦး မစိုးရိမ်ရထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း ဗမာ့စွမ်းရည်မြင့်တပ်​တော်ကအသိပေးသည်။

စစ်သားအ​လောင်းများကို အိမ်အချို့တွင် အိမ်နှင့်အတူမီးရှို့ ခဲ့သည်။ ။ဓါတ်ပုံ-BRTF
စစ်သားအ​လောင်းများကို အိမ်အချို့တွင် အိမ်နှင့်အတူမီးရှို့ ခဲ့သည်။ ။ဓါတ်ပုံ-BRTF

BRTF အဖွဲ့ တာဝန်ရှိသူက “မင်းရွာ သုံးရက်တာတိုက်ပွဲအပြီး နမခဖရဲသီးသတင်းအရ စစ်​ွေး ၃၈ ကောင် သေဆုံးတယ်။ အတိအကျ မနေ့ညနေပိုင်းကမှထပ်ရတာဗျ။ အဲဒီတိုက်ပွဲမှာ စစ်ကြောင်းမှူးတစ်ဦးလည်းသေဆုံးတယ်လို့သိရပြီး နာမည်က မိုက်ကယ်ဒိန်းဂျားလို့ သိရပါတယ်။မင်းရွာအဝင်မှာ အတွယ်ခံရတာ စစ်ကြောင်းမှူးပါမှန်းအစကမသိဘူး။လေယာဥ်နဲ့တော့ ပုံမှန်စစ်သားတစ်ယောက်လောက်ကို လာမကောက်လောက်ဘူးဗျ”ဟု ပြောသည်။

တပ်စုနှင့်တပ်ခွဲမှူးပါ ​သေဆုံးသည်ဟု သတင်းထွက်​ပေါ်​နေ​သော်လည်း မိုက်ကယ်ဒိန်းဂျားဟု​ခေါ်​သော စစ်​ကြောင်းမှူး​သေဆုံးသည်ကိုအတည်ပြုနိုင်​ကြောင်း၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

“စစ်ကြောင်းမှူးဆိုတဲ့ မိုက်ကယ်ဒိန်းဂျား မသေခင် မြင်းမူဘက်က ကုသိုလ်ဖြစ်ရေအိုးစဉ်မှာ – ပြည်သူ့ကာကွယ်ရေးတပ်တွေ လုပ်နေပီးတော့ ငါတို့ဝင်လာတဲ့အချိန်မရှိတာဘာလို့လဲဆိုတဲ့အကြောင်းရယ် စစ်မတိုက်တတ်ရင် မတိုက်ကြနဲ့ဆိုတာရယ်၊ မယ်စုသားသမီးတွေ စသဖြင့် ပုဂ္ဂိုလ်ရေးအမုန်းစွဲနေတဲ့ စာသား တစ်ချို့ကို (ပုံ မိုက်ကယ်ဒိန်းဂျား)ဆိုပြီးရေးသွားတဲ့ အဖြစ်ပျက်လေးတွေလည်းရှိခဲ့တယ်ဗျ”ဟု အထက်ပါတာဝန်ရှိသူက ဆက်​ပြောသည်။

ထိုအပြင် အဆိုပါစစ်​ကြောင်းမှူးသည်PDF ကို PTS ဟုလည်း​ရေးကြောင်းလည်းသိရသည်။

အကြမ်းဖက်စစ်တပ်သည် မင်းရွာရှိ အိမ်ပေါင်း ၃၅၀ ကျော် ကိုမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း၊ ထို့အပြင် သေဆုံးအကြမ်းဖက်စစ်သားများကိုပါ မီးရှို့ခဲ့သည့်​နေရာ ၃၊ ၄ ​နေရာ​တွေ့ရကြောင်းလည်း BRTF တာဝန်ရှိသူက ပြောသည်။

မင်းရွာတွင် ကျန်ခဲ့​သောစစ်​​ကောင်စီတပ်ယူနီ​ဖောင်း ဓါတ်ပုံ- BRTF
မင်းရွာတွင် ကျန်ခဲ့​သောစစ်​​ကောင်စီတပ်ယူနီ​ဖောင်း ဓါတ်ပုံ- BRTF

“သေဆုံးစစ်ခွေးတွေကို နွားစာတိုက်ထဲထည့်ရှို့သွားတာများတယ်။ပြီးတော့ ရွာလယ်ခေါင်မှာ တစ်နေရာ ၊ရွာရဲ့ အနောက်စွန်းမှာ တစ်နေရာ ၊င်္သချိုင်းနားက မီးရှို့ခံရတဲ့ အိမ်သုံးလုံးထဲမှာ စစ်ခွေး လေးလောင်းလောက်လို့ယူဆရတဲ့ အရိုးပြာတွေတွေ့တယ်” ဟုBRTF မှတာဝန်ရှိသူက​ပြောသည်၊

​သေဆုံးစစ်သားအ​လောင်းများကို သြဂုတ်လ၄ရက်နေ့ နံနက် ၁၀နာရီခန့်က အင်အား၆၄ ဦးပါ အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းသည် အရာတော်မြို့နယ် မင်းရွာသိုစစ်ကြောင်းထိုးလာစဉ် မင်းရွာနှင့် ရသာရွာကြားတွင် ဒေသခံတော်လှန်ရေးတပ်များနှင့် ထိတွေ့တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး မင်းရွာအဝင်တွင် ဆက်လက်ဖြစ်ပွားခဲ့သည်။

သြဂုတ်လ ၆ ရက်နေ့ နံနက်၆နာရီခွဲတွင် မင်းရွာအား ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ပြန်လည်ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များပြန်လည် ဆုတ်ခွာသွားပြီး ပြည်သူ့ရဲဘော်တစ်ဦး ကျဆုံးခဲ့ရသည်။ထို​ကြောင့် ရွာကို ​ဒေသခံပြည်သူ့ကာကွယ်​​ရေးတပ်များကပြန်လည်စိုးမိုးထားနိုင်ပြီဟုသိရသည်။

ယနေ့သြဂုတ်လ၇ ရက်နေ့တွင် အကြမ်းဖက်စစ်တပ်သည် အရာတော်မြို့နယ်အတွင်းရှိ ကျေးရွာ၃ရွာကို အကြမ်းဖက်ဝင်ရောက်စီးနင်းခဲ့ပြီး ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရသည်။

အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် သုံးရက်ဆက်တိုက်ပွဲကြီးတိုက်ထား၍ ပြည်သူများက လက်နက်ခဲယမ်းအတွက်အကူအညီ​ပေးကြရန်လည်းလည်းBRTF က​မေတ္တာရပ်ခံသည်။

“စစ်ကောင်စီဘက်ကလေယာဉ်ကော လက်နက်ကြီးကော မြေပြင်ကောထိုးတာတောင် အထိနာခဲ့တဲ့အတွက် ရွာကိုငြိုးပီးပြန်လာမယ်လို့ ကျွန်တော်တို့ အင်အားစုတွေဘက်က ယူဆထားပါတယ်” ဟုတာဝန်ရှိသူက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

သတင်း

အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့ စက်တင်ဘာ ၁၃ ရက် နေ့လယ်ပိုင်းမှာ ရခိုင်ပြည်နယ်က ပုဏ္ဏားကျွန်းမြို့နယ် ဦးရာဇ်တော်ဘုရားတောင်ခြေရင်းရှိ စေတီရင်းရွာနဲ့ အနီးဝန်းကျင်တွေကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ပြည်သူ ၂ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook