Connect with us

Hi, what are you looking for?

သတင်း

သုံးထပ်ကွေ့နားမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်

ဒီလိုစစ်ကောင်စီက လေယာဉ်နဲ့ အလစ်အငိုက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်က ထိခိုက်မှုလုံးဝမရှိဘးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

မြဝတီ-ဝေါ်လေကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးမှာ မနေ့ဩဂုတ် (၇)ရက် ည(၁၁) နာရီခွဲအချိန်က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီလိုစစ်ကောင်စီက လေယာဉ်နဲ့ အလစ်အငိုက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်က ထိခိုက်မှုလုံးဝမရှိဘးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကနေ့ဩဂုတ်(၈)ရက် နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်ကဆိုထားပါတယ်။

မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ သုံးထပ်ကွေ့မှာ စစ်ကောင်စီတပ်နဲ့ကော်ဘရာစစ်ကြောင်းတို့အကြား တလကြာတဲ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုလည်း များပြားနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေပြီး အခုရက်ပိုင်းအတွင်းမှာလည်း တဆယ်လောက်ရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောကြပါတယ်။

သတင်း

မြန်မာဖက်ခြမ်းက စစ်ရေးတင်းမာမှုတွေကြောင့်နယ်စပ်နားက စာသင်ကျောင်းတစ်ကျောင်းကို ပိတ်ထားလိုက်ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်အခြေစိုက် Monywa Nightking တပ်ဖွဲ့က ရဲဘော် ၁ဦး စစ်တပ်နဲ့ပူးပေါင်းသွားပြီး ရဲဘော်တွေကို ဖမ်းဆီးခိုင်းနေလို့ သတိပြုကြဖို့ အဆိုပါတ​ပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။