Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ဗန်းမော်မြို့တွင် စုပေါင်းရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် မြို့အဝင်၊ အထွက် ပိတ်ဆို့စစ်ဆေးနေသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကို ပစ်သတ်

ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်၏ စုပေါင်းရုံး၊ မီးသတ်နှင့်ရဲစခန်းတို့၌ ပေါက်ကွဲမှုများဖြစ်ပြီနောက် စစ်ကောင်စီက မြို့အဝင်၊ အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်။

(စုပေါင်းရုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် မီးလောင်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - ဗန်းမော်ပွင့်သစ်)
(စုပေါင်းရုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် မီးလောင်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - ဗန်းမော်ပွင့်သစ်)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စုပေါင်းရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် မြို့အဝင်၊ အထွက် ပိတ်ဆို့စစ်ဆေးနေသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများကပြောသည်။

ဗန်းမော်မြို့ သုံးမိုင်ဂိတ်အနီးတွင် အိမ်စီးကားတစ်စီးပေါ်မှ အမျိုးသား တစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဥ်သည် ယနေ့(သြဂုတ် ၁၀ရက်) ညနေ ၃နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“မနက်က စုပေါင်းရုံး ဖောက်ခွဲခံရပြီး စစ်ကောင်စီက ရန်လိုနေတာ။ သူ့လမ်းသူသွားနေတဲ့ အရပ် သားကို တားတာမရပ်လို့ဆိုပြီး ပစ်သတ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသည့်အရပ်သား၏ ရုပ်အလောင်းကို စစ်ကောင်စီက ယူဆောင်သွား၍ မည်သူမည်ဝါ ဖြစ်သည်ကို အသေးစိတ်မသိရသေးပေ။

ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်၏ စုပေါင်းရုံး၊ မီးသတ်နှင့်ရဲစခန်းတို့၌ ပေါက်ကွဲမှုများဖြစ်ပြီနောက် စစ်ကောင်စီက မြို့အဝင်၊ အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်။

စုပေါင်းရုံးတိုက်ခိုက်ခံရမှုတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအေးခိုင် ဒဏ်ရာရရှ်ိသွားခဲ့သည်။ထို့အပြင် ဆိုင်ကယ် ၃၆စီး မီးလောင်သွားခဲ့သည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။