Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့တွင် စုပေါင်းရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် မြို့အဝင်၊ အထွက် ပိတ်ဆို့စစ်ဆေးနေသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကို ပစ်သတ်

ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်၏ စုပေါင်းရုံး၊ မီးသတ်နှင့်ရဲစခန်းတို့၌ ပေါက်ကွဲမှုများဖြစ်ပြီနောက် စစ်ကောင်စီက မြို့အဝင်၊ အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်။

(စုပေါင်းရုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် မီးလောင်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - ဗန်းမော်ပွင့်သစ်)
(စုပေါင်းရုံးဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် မီးလောင်ပျက်စီးမှုအား တွေ့ရစဉ်၊ ဓာတ်ပုံ - ဗန်းမော်ပွင့်သစ်)

ကချင်ပြည်နယ် ဗန်းမော်မြို့တွင် စုပေါင်းရုံး ဗုံးခွဲတိုက်ခိုက်ခံရပြီးနောက် မြို့အဝင်၊ အထွက် ပိတ်ဆို့စစ်ဆေးနေသည့် စစ်ကောင်စီတပ်က လမ်းသွားလမ်းလာ အရပ်သားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း ဒေသခံများကပြောသည်။

ဗန်းမော်မြို့ သုံးမိုင်ဂိတ်အနီးတွင် အိမ်စီးကားတစ်စီးပေါ်မှ အမျိုးသား တစ်ဦးအား စစ်ကောင်စီတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်လိုက်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

ယင်းဖြစ်စဥ်သည် ယနေ့(သြဂုတ် ၁၀ရက်) ညနေ ၃နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

Public Service Announcement
Public Service Announcement

“မနက်က စုပေါင်းရုံး ဖောက်ခွဲခံရပြီး စစ်ကောင်စီက ရန်လိုနေတာ။ သူ့လမ်းသူသွားနေတဲ့ အရပ် သားကို တားတာမရပ်လို့ဆိုပြီး ပစ်သတ်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသည့်အရပ်သား၏ ရုပ်အလောင်းကို စစ်ကောင်စီက ယူဆောင်သွား၍ မည်သူမည်ဝါ ဖြစ်သည်ကို အသေးစိတ်မသိရသေးပေ။

ဗန်းမော်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ကောင်စီတပ်၏ စုပေါင်းရုံး၊ မီးသတ်နှင့်ရဲစခန်းတို့၌ ပေါက်ကွဲမှုများဖြစ်ပြီနောက် စစ်ကောင်စီက မြို့အဝင်၊ အထွက်ကို စစ်ဆေးရေးတင်းကြပ်ထားသည်။

စုပေါင်းရုံးတိုက်ခိုက်ခံရမှုတွင် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးဌာနမှ လက်ထောက်ဦးစီးမှူး ဦးအေးခိုင် ဒဏ်ရာရရှ်ိသွားခဲ့သည်။ထို့အပြင် ဆိုင်ကယ် ၃၆စီး မီးလောင်သွားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော