Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု နဲ့ ထောင်ဒဏ် ၆ နှစ် စစ်ကောင်စီထပ်ချ

ဒီနေ့အမိန့်ချရာမှာ ဒေါက်တာမျိုးအောင် ၊ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ကိုပါ ထောင်ဒဏ် ၃ နှစ်စီချခဲ့တယ်လို့ သိရပါတယ်။

Photo - AFP
Photo - AFP

နေပြည်တော်အကျဉ်းထောင်မှာ မတရားဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဒီနေ့မှာ အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ်ထပ်မံချလိုက်ပါတယ်။

အဲဒီအမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နဲ့ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ကာ ဒီနေ့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးက အမိန့်ချလိုက်တာလို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ သက်မွေးစိုက်ပျိုးသင်တန်းကျောင်း နေပြည်တော် လရောင်တော စီမံကိန်းမြေနေရာနဲ့ပတ်သက်ပြီး အဂတိအမှု ၃ မှုအတွက် ထောင်ဒဏ် ၃ နှစ် ၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်အတွင်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မြေနေရာနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့အဂတိအမှု အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချလိုက်တာဖြစ်ပါတယ်။

ကနဦးက စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၁ နှစ်ချထားပြီးဖြစ်တဲ့အတွက် ထပ်မံချလိုက်တဲ့ထောင်ဒဏ်တွေပါဝင်ရင် စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်အထိရှိလာပြီဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ ချတဲ့အမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာရယူရာမှာ နိုင်ငံံ ဘဏ္ဍာငွေ ထိခိုက်တယ်ဆိုပြီးစစ်ကောင်စီက အဂတိနဲ့တရားစွဲတာဖြစ်ပါတယ်။

လရောင်တောစီမံကိန်းနဲ့ပတ်သက်ပြီးတရားစွဲရာမှာ အဲဒီအချိန်က နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာမျိုးအောင် ၊ဒုမြို့တော်ဝန် ဦးရဲမင်းဦး ၊ ကေ်ာမတီဝင် ဦးမင်းသူတို့ကို ပါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စစ်ကောင်စီက အဂတိအမှုနဲ့ အမှုတွဲခဲ့ပါတယ်။

ဒီနေ့အမိန့်ချရာမှာ ဒေါက်တာမျိုးအောင် ၊ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ကိုပါ ထောင်ဒဏ် ၃ နှစ်စီချခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

ကဗျာ

-​အောင်​စေ​နွေဦး အမေအို ကနိုင်ငံတော်ကိုနောက်တွဲဆံထုံးလေးလုပ်ပြီးထုံးထားတယ်၊အဲဒီ နောက်တွဲ ဆံထုံးလေးကိုပန်းလေးတွေ ချိတ်တွဲ ပန်ဆင်ပေးထားတယ်၊လှလှပပ မွှေးမွှေးပျံ့ပျံ့ သေသေသပ်သပ်နီနီရဲရဲ တင့်တင့်တယ်တယ် ကြွကြွရွရွသူမကျန်းမာပါစေသက်ရှည်ပါစေအနာကင်းပါစေမသူတော်ဘေး ဝေးပါစေ။ ၁၉၊ ဇွန်၊ ၂၀၂၆ Views: 33

ဆောင်းပါး

ကဖေး/People’s Spring သန့်ရှင်းသော ထိုဝန်းကျင်တွင် ပန်းရနံ့တို့ပိုသင်းပျံ့နေသည်။ ရွာဦးထိပ်က ယာယီစာသင်ကျောင်းဆီလှမ်းလာနေသော ကျောင်းဆရာမလေး၏ ဦးခေါင်းထက်မှာ နှင်းဆီပန်းနီနီရဲရဲက ဟန်ကျပန်ကျ လှပနေသည်။ ရွာလမ်းတလျှောက်တွေ့မြင်နေရသူတိုင်း၏ ဦးခေါင်းထက်မှာလည်း နှင်းဆီပန်းနှင့်အခြားသော အလျဉ်းသင့်ရာပန်းတွေ ပန်ဆင်ထားကြသည်။ ကြိုးသိုင်းလွယ်အိပ်လေးတွေ အဆင်ပြေသလိုလွယ်ထားကြသောကျောင်းသားကျောင်းသူလေးတွေလက်ထဲမှာလည်း နှင်းဆီပန်းလေးတွေ ကိုင်ထားကြပြန်သည်။ ပန်းရနံ့တို့သင်းထုံနေသောရွာလမ်းလေးအတိုင်းကျောင်းဆရာမလေး ဒေါ်နှင်းဆီ(အမည်လွှဲ)က ကျောင်း...

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။