Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိအမှု နဲ့ ထောင်ဒဏ် ၆ နှစ် စစ်ကောင်စီထပ်ချ

ဒီနေ့အမိန့်ချရာမှာ ဒေါက်တာမျိုးအောင် ၊ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ကိုပါ ထောင်ဒဏ် ၃ နှစ်စီချခဲ့တယ်လို့ သိရပါတယ်။

Photo - AFP
Photo - AFP

နေပြည်တော်အကျဉ်းထောင်မှာ မတရားဖမ်းဆီးအကျဉ်းချထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဒီနေ့မှာ အဂတိအမှု ၄ မှုအတွက် ထောင်ဒဏ် ၆ နှစ်ထပ်မံချလိုက်ပါတယ်။

အဲဒီအမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်း နဲ့ပတ်သက်ပြီး စစ်ကောင်စီက တရားစွဲဆိုထားတာဖြစ်ကာ ဒီနေ့ နေပြည်တော်အချုပ်ထောင်တွင်းတရားရုံးက အမိန့်ချလိုက်တာလို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။

ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းရဲ့ သက်မွေးစိုက်ပျိုးသင်တန်းကျောင်း နေပြည်တော် လရောင်တော စီမံကိန်းမြေနေရာနဲ့ပတ်သက်ပြီး အဂတိအမှု ၃ မှုအတွက် ထောင်ဒဏ် ၃ နှစ် ၊ ရန်ကုန်တိုင်း ဗဟန်းမြို့နယ်အတွင်းက ဒေါ်ခင်ကြည်ဖောင်ဒေးရှင်မြေနေရာနဲ့ပတ်သက်ပြီး စွဲဆိုထားတဲ့အဂတိအမှု အတွက် ထောင်ဒဏ် ၃ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်ချလိုက်တာဖြစ်ပါတယ်။

ကနဦးက စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၁ နှစ်ချထားပြီးဖြစ်တဲ့အတွက် ထပ်မံချလိုက်တဲ့ထောင်ဒဏ်တွေပါဝင်ရင် စုစုပေါင်းထောင်ဒဏ် ၁၇ နှစ်အထိရှိလာပြီဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒီနေ့ ချတဲ့အမှုတွေဟာ ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမြေနေရာရယူရာမှာ နိုင်ငံံ ဘဏ္ဍာငွေ ထိခိုက်တယ်ဆိုပြီးစစ်ကောင်စီက အဂတိနဲ့တရားစွဲတာဖြစ်ပါတယ်။

လရောင်တောစီမံကိန်းနဲ့ပတ်သက်ပြီးတရားစွဲရာမှာ အဲဒီအချိန်က နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဖြစ်သူ ဒေါက်တာမျိုးအောင် ၊ဒုမြို့တော်ဝန် ဦးရဲမင်းဦး ၊ ကေ်ာမတီဝင် ဦးမင်းသူတို့ကို ပါ ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ စစ်ကောင်စီက အဂတိအမှုနဲ့ အမှုတွဲခဲ့ပါတယ်။

ဒီနေ့အမိန့်ချရာမှာ ဒေါက်တာမျိုးအောင် ၊ဦးရဲမင်းဦးနဲ့ ဦးမင်းသူတို့ကိုပါ ထောင်ဒဏ် ၃ နှစ်စီချခဲ့တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။