Connect with us

Hi, what are you looking for?

သတင်း

သစ်ဝါးတရားမဝင်ထုတ်ယူခြင်း၊ ရှော့ခ်တိုက်၍ ငါးဖမ်းခြင်းများကို အရေးယူမည်ဟု ကန်ပက်လက် ပအဖ သတိပေး

မြို့နယ် ပအဖ၏ ယခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့်မြို့နယ်စုံညီအစည်းဝေးဆုံးဖြတ်ချက်အရသားရဲတိရိစ္ဆာန် (၈) မျိုးအား ပစ်ခတ်ဖမ်းဆီးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။

ကန်ပက်လက်မြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ
ကန်ပက်လက်မြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ

သစ်၊ဝါးများကို တရားမဝင်ထုတ်ယူနေကြခြင်း၊‌ လျှပ်စစ်ရှော့ခ်တိုက်၍ငါးဖမ်းယူနေကြခြင်းများကို တွေ့ရှိနေရ၍ တားမြစ်ချက်ကို အကြိမ်ကြိမ်ဖောက်ဖျက်နေသူများအား ဥပဒေနှင့်အညီအရေးယူသွား မည်ဖြစ်ကြောင်း ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကထုတ်ပြန်သည်။

မြို့နယ် ပအဖ၏ ယခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့်မြို့နယ်စုံညီအစည်းဝေးဆုံးဖြတ်ချက်အရသားရဲတိရိစ္ဆာန် (၈) မျိုးအား ပစ်ခတ်ဖမ်းဆီးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။

ထို့အတူ မြို့နယ်အတွင်းရှိချောင်းများတွင် မိုင်းခွဲခြင်း၊ပိုက်ဆွဲခြင်း၊ဆေးချခြင်း၊ရှော့ခ်တိုက်ခြင်း စသည့်နည်းလမ်းများဖြင့်ငါးဖမ်းခြင်းမပြုရန်နှင့် သစ်၊ ဝါးကို ထိန်းသိန်းဧရိယာများ သတ်မှတ်ပြီးတရားမဝင်ထုတ်ယူခြင်းများ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ ဒေသန္တရ တိုက်နယ်၊အုပ်စု အဆင့်ဆင့်သို့ညွှန်ကြား၍ ထိန်းသိမ်းဆောင်ရွတ်လျက်ရှိကြောင်းသြဂုတ် ၁၆ ရက်ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကတ်ထုတ်​ပေးတဲ့ ထိုင်းအရာရှိအချို့ပါဖမ်းဆီးခံရ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက ကန်ပက်လက်မြို့နယ်ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု သုံးရက်ဆက် ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့တွေကို ထိုးစစ်ဆင်နေတဲ့ စစ်တပ်ကို ခုခံတိုက်ခိုက်ထားနိုင်တဲ့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်(CPU/CPA) ရဲဘော်တွေနဲ့ မဟာမိတ်တွေကို လေးစားဂုဏ်ယူကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်က ပြောပါတယ်။