Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

သစ်ဝါးတရားမဝင်ထုတ်ယူခြင်း၊ ရှော့ခ်တိုက်၍ ငါးဖမ်းခြင်းများကို အရေးယူမည်ဟု ကန်ပက်လက် ပအဖ သတိပေး

မြို့နယ် ပအဖ၏ ယခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့်မြို့နယ်စုံညီအစည်းဝေးဆုံးဖြတ်ချက်အရသားရဲတိရိစ္ဆာန် (၈) မျိုးအား ပစ်ခတ်ဖမ်းဆီးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။

ကန်ပက်လက်မြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ
ကန်ပက်လက်မြို့ကို အ​ပေါ်စီးမှ​တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ

သစ်၊ဝါးများကို တရားမဝင်ထုတ်ယူနေကြခြင်း၊‌ လျှပ်စစ်ရှော့ခ်တိုက်၍ငါးဖမ်းယူနေကြခြင်းများကို တွေ့ရှိနေရ၍ တားမြစ်ချက်ကို အကြိမ်ကြိမ်ဖောက်ဖျက်နေသူများအား ဥပဒေနှင့်အညီအရေးယူသွား မည်ဖြစ်ကြောင်း ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)ကထုတ်ပြန်သည်။

မြို့နယ် ပအဖ၏ ယခုနှစ် ဇန်နဝါရီလက ပြုလုပ်ခဲ့သည့်မြို့နယ်စုံညီအစည်းဝေးဆုံးဖြတ်ချက်အရသားရဲတိရိစ္ဆာန် (၈) မျိုးအား ပစ်ခတ်ဖမ်းဆီးခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်ဟုသိရသည်။

ထို့အတူ မြို့နယ်အတွင်းရှိချောင်းများတွင် မိုင်းခွဲခြင်း၊ပိုက်ဆွဲခြင်း၊ဆေးချခြင်း၊ရှော့ခ်တိုက်ခြင်း စသည့်နည်းလမ်းများဖြင့်ငါးဖမ်းခြင်းမပြုရန်နှင့် သစ်၊ ဝါးကို ထိန်းသိန်းဧရိယာများ သတ်မှတ်ပြီးတရားမဝင်ထုတ်ယူခြင်းများ မဖြစ်ပေါ်စေရန် သက်ဆိုင်ရာ ဒေသန္တရ တိုက်နယ်၊အုပ်စု အဆင့်ဆင့်သို့ညွှန်ကြား၍ ထိန်းသိမ်းဆောင်ရွတ်လျက်ရှိကြောင်းသြဂုတ် ၁၆ ရက်ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထောင်ထားသော စွန့်လွှတ်မိုင်းအား နင်းမိသောကြောင့် ပလက်ဝမြို့နယ်၊ ဖွေလိုက်ဝ (၂) ကျေးရွာမှ ဒေသခံအမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ရသည်ဟုလည်း အသိပေးထားသည်။

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ အလုပ်လက်မဲ့ ဦးရေ အချိုးအစားဟာ လက်ရှိမှာ ၁ ရာခိုင်နှုန်းအောက်သာ ရှိနေပြီး ထိုင်းအနေနဲ့ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီက လုပ်သားရင်းမြစ်တွေကို ပိုမို လိုအပ်နေတယ်လို့လည်းဆရက်သာက ဆိုပါတယ်။

သတင်း

ရက္ခိုင်နှင့် ချင်းပြည်နယ် ပလက်၀မြို့နယ် တိုက်ပွဲများမှ ထွက်ပြေးလာသည့် စစ်သားများ အနက် ဗိုလ်ကြီးအဆင့် အပါအဝင် စစ်ကောင်စီတပ်သား ၁၅ဦးကို ဇန်နဝါရီ ၃၀ရက်တွင် CDF ဒိုင်ရ်ဒေသ၌ ဖမ်းမိခဲ့သည်ဟု အသိပေးထားသည်။

သတင်း

​ရွှေဗျိုင်းဖြူ ကုမ္ပဏီဟာ အ​ရေးယူ ဒဏ်ခတ်မှု​တွေ​ရှောင်ရှားနိုင်ဖို့ ၂၀၂၃ နှစ်ကုန်ပိုင်းမှာမှ ​ဒေဝါလီ ခံထားတာဖြစ်​ပေမယ့် အ​မေရီကန် အစိုးရရဲ့ အ​ရေးယူပိတ်ဆို့မှုကို မ​ရှောင်လွဲနိုင်ခဲ့ပါဘူး။