Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်တပ်ကို ​မောင်းထုတ်ရန်အချိန်ကျပြီဖြစ်၍ ပြည်သူများအ​နေဖြင့် ​တော်လှန်​ရေးအရှိန်မြှင့်တင်​​ရေးကူညီ​ပေးကြရန် ကသာ-PDF ​မေတ္တာရပ်ခံ

တော်လှန်​ရေးအရှိန်မြှင့်တင်နိုင်​ရေး ကူညီ​ပေးကြရန် ကသာ-PDFက ​မေတ္တာရပ်ခံချက်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က ပြည်သူများ၏အသက်အိုးအိမ်များကို ဖျက်ဆီးယူငင်မှုများပိုမိုလုပ်​ဆောင်​လာသဖြင့် ၎င်းတို့ကို​မောင်းထုတ်ရန်အချိန်ကျ​ရောက်လာ၍ ပြည်သူများအ​နေဖြင့် ​တော်လှန်​ရေးအရှိန်မြှင့်တင်နိုင်​ရေး ကူညီ​ပေးကြရန် ကသာ-PDFက ​မေတ္တာရပ်ခံချက်ထုတ်ပြန်သည်။

ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မဟာမိတ်အဖွဲ့၏နည်းပညာနှင့်ရင်းမြစ်အကူအညီများရယူလျက် ဒေသတွင်း လူသတ်အကြမ်းဖက်အဖွဲ့အားခုခံတွန်းလှန်နေသည်ကို ပြည်သူများသိရှိပြီးဖြစ်ပြီး ယခုအခါ ဒေသတွင်းသို့ လူသတ်အကြမ်းဖက်အဖွဲ့အင်အားများတိုးချဲ့ဖြန့်ကျက်ထားပြီး ပြည်သူများ ၏အသက်အိုးအိမ်များကို ဖျက်ဆီးယူငင်ခြင်းများပိုမိုလုပ်ဆောင်လာကြသဖြင့် ယင်းတို့ကိုဒေသတွင်းမှ မောင်းထုတ်ရန်အတွက် လက်ရှိခုခံတွန်းလှန်မှုထက်ပိုမိုထိရောက်သောဟန့်တားမှုများကို ထိထိရောက်ရောက်ဆောင်ရွက်ရန် အချိန်ကျရောက်လာပြီဖြစ်သည်ဟု ထုတ်ပြန်သည်။

ထို့​ကြောင့် ပြည်သူများအနေဖြင့် လုံခြုံရာနေရာများကိုရှာဖွေနေထိုင်ကြကာ နီးစပ်ရာ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ တပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိတ်များသို့ အင်အားဖြည့် တင်းခြင်း၊ သတင်းအချက် အလက်များကို အချိန်မီကူညီပံ့ပိုးခြင်း၊ တော်လှန်ရေးရန်ပုံငွေများစုစည်းထည့်ဝင်ပေးကြခြင်းဖြင့် တော်လှန် ရေးအရှိန်အဟုန်ကိုမြှင့်တင်ကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်ဟု ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်မှာ အင်အား ၁၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းကို ဒရုန်းနဲ့ တိုက်ခိုက်တာ၊ ကြားဖြတ်တိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန ထားဝယ်ခရိုင် အမှတ်(၁)တပ်ရင်း သံမဏိလိပ်ပြာတပ်ခွဲက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ရဲ့ တံတားဦး လေတပ်စခန်းကတိုက်​လေယာဥ်​တွေကိုပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒရုန်းနဲ့တိုက်ခိုက်ခဲ့ပြီး စစ်တပ်လေယာဉ် ၄စီးထိခိုက်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။