Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်တပ်ကို ​မောင်းထုတ်ရန်အချိန်ကျပြီဖြစ်၍ ပြည်သူများအ​နေဖြင့် ​တော်လှန်​ရေးအရှိန်မြှင့်တင်​​ရေးကူညီ​ပေးကြရန် ကသာ-PDF ​မေတ္တာရပ်ခံ

တော်လှန်​ရေးအရှိန်မြှင့်တင်နိုင်​ရေး ကူညီ​ပေးကြရန် ကသာ-PDFက ​မေတ္တာရပ်ခံချက်ထုတ်ပြန်သည်။

အကြမ်းဖက်စစ်တပ်က ပြည်သူများ၏အသက်အိုးအိမ်များကို ဖျက်ဆီးယူငင်မှုများပိုမိုလုပ်​ဆောင်​လာသဖြင့် ၎င်းတို့ကို​မောင်းထုတ်ရန်အချိန်ကျ​ရောက်လာ၍ ပြည်သူများအ​နေဖြင့် ​တော်လှန်​ရေးအရှိန်မြှင့်တင်နိုင်​ရေး ကူညီ​ပေးကြရန် ကသာ-PDFက ​မေတ္တာရပ်ခံချက်ထုတ်ပြန်သည်။

ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မဟာမိတ်အဖွဲ့၏နည်းပညာနှင့်ရင်းမြစ်အကူအညီများရယူလျက် ဒေသတွင်း လူသတ်အကြမ်းဖက်အဖွဲ့အားခုခံတွန်းလှန်နေသည်ကို ပြည်သူများသိရှိပြီးဖြစ်ပြီး ယခုအခါ ဒေသတွင်းသို့ လူသတ်အကြမ်းဖက်အဖွဲ့အင်အားများတိုးချဲ့ဖြန့်ကျက်ထားပြီး ပြည်သူများ ၏အသက်အိုးအိမ်များကို ဖျက်ဆီးယူငင်ခြင်းများပိုမိုလုပ်ဆောင်လာကြသဖြင့် ယင်းတို့ကိုဒေသတွင်းမှ မောင်းထုတ်ရန်အတွက် လက်ရှိခုခံတွန်းလှန်မှုထက်ပိုမိုထိရောက်သောဟန့်တားမှုများကို ထိထိရောက်ရောက်ဆောင်ရွက်ရန် အချိန်ကျရောက်လာပြီဖြစ်သည်ဟု ထုတ်ပြန်သည်။

ထို့​ကြောင့် ပြည်သူများအနေဖြင့် လုံခြုံရာနေရာများကိုရှာဖွေနေထိုင်ကြကာ နီးစပ်ရာ ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ တပ်ရင်း၊ တပ်ခွဲ၊ တပ်စု၊ တပ်စိတ်များသို့ အင်အားဖြည့် တင်းခြင်း၊ သတင်းအချက် အလက်များကို အချိန်မီကူညီပံ့ပိုးခြင်း၊ တော်လှန်ရေးရန်ပုံငွေများစုစည်းထည့်ဝင်ပေးကြခြင်းဖြင့် တော်လှန် ရေးအရှိန်အဟုန်ကိုမြှင့်တင်ကြပါရန် အသိပေးတိုက်တွန်းအပ်ပါသည်ဟု ​ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံဗိုလ်မှူးကြီးနော်ဘူကလည်း ဆင်ဘိုရှိ ခလရ(၁၄၁) တပ်ရင်း သိမ်းပိုက်နိုင်မှု သတင်းများ ကြားသိရသော်လည်းတရားဝင် စစ်ဘက် ဆိုင်ရာ သတင်းပေးပို့မှု မရသေးဟု ယနေ့ (ဧပြီ ၂၉ရက်) နံနက်တွင် ပြောသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဆယ်ဇင်းဒေသခံတစ်ဦးကလည်း “လေကြောင်းကတော့ မနေ့က တောက်လျှောက် လာတယ်။ ညကလာတော့ လာတယ် ဝဲတော့ ဝဲတယ်"ဟုပြောသည်။