Connect with us

Hi, what are you looking for?

သတင်း

ဟားခါး – ထန်တလန်ကြား လဝက်ကျော်ကြာတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၀ကျော် သေဆုံးနိုင် ဟု CNF ခန့်မှန်း

ချင်းလက်နက်ကိုင်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် လအတွင်းက ဟားခါး – ဖလမ်းအကြား တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယခုလတွင် ဟားခါးထန်တလန်ကြား၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

(ဟားခါး-ထန်တလန်ကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် စစ်လက်နက်ပစ္စည်းများအား တွေ့ရစဉ်၊ဓာတ်ပုံ - The Chin Journal)
(ဟားခါး-ထန်တလန်ကြား တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိခဲ့သည့် စစ်လက်နက်ပစ္စည်းများအား တွေ့ရစဉ်၊ဓာတ်ပုံ - The Chin Journal)

▪️စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် ခဲယမ်းများ ဖြည့်တင်းနေ

ချင်းပြည်နယ် ဟားခါးမြို့နှင့် ထန်တလန်မြို့အကြားတွင် ချင်းလက်နက်ကိုင် ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများဆက်တိုက်ဖြစ်ပွားလျက်ရှိရာ ၁၈ရက်ကြာ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က ၅၀ ကျော်သေဆုံးနိုင်ကြောင်း ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားသည်။

စစ်ကောင်စီတပ်သည် ဇူလိုင်လကုန်ပိုင်းတွင် ဟားခါး – ထန်တလန်ကြား သီမစ်ချောင်း ဒေသသို့ ထိုးစစ်ဆင်ဝင်ရောက်လာရာ CNA နှင့် CDF တပ်ဖွဲ့များပါဝင်သည့် ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဇူလိုင် ၃၀ရက်ကနေ ယနေ့အထိ ဟားခါး – ထန်တလန်ကြား ၁၈ရက်ကြာ တိုက်ပွဲဟာ စကစ အနေနဲ့ သူတို့ မီးရှို့ဖျက်ဆီးလိုက်တဲ့ ထန်တလန်မြို့ ပြန်လည်တည်ဆောက်ရေးဆိုတဲ့ ခေါင်းစဉ် အောက်ကနေ နယ်မြေစိုးမိုးရေးကို ဦးတည်တဲ့ တိုက်ပွဲပါပဲ”ဟု ဆလိုင်းထက်နီက ပြောပြသည်။

Public Service Announcement
Public Service Announcement

တိုက်ပွဲများအတွင်း ဟားခါးအခြေစိုက် စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ် နေပြီး ရဟတ်ယာဉ်ဖြင့် သုံးကြိမ်လာရောက်၍ ကျည်ဆံ၊ခဲယမ်းများ ဖြည့်တင်းခဲ့ကြောင်း၊ တိုက်လေယာဉ် လာရောက်မှုရှိခဲ့သော်လည်း ရာသီဥတု အခြေအနေကြောင့် လှည့်ပြန်သွားသည်ဟု ယူဆရကြောင်း ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

“သူတို့ အကျအဆုံးများတယ် ခန့်မှန်းက ၅၀ ကျော်ပေါ့။ လက်နက်နဲ့ ကျည်တချို့ရရှိတယ်။ မိမိဘက်က ၅ဦး မပြောပလောက်တဲ့ ဒဏ်ရာရတယ်” ဟု ဆလိုင်းထက်နီက ပြောကြားသည်။

ချင်းလက်နက်ကိုင်ပူးပေါင်းတပ်နှင့် စစ်ကောင်စီတပ်တို့သည် ပြီးခဲ့သည့် လအတွင်းက ဟားခါး – ဖလမ်းအကြား တိုက်ပွဲများ ဖြစ်ခဲ့ပြီး ယခုလတွင် ဟားခါးထန်တလန်ကြား၌ တိုက်ပွဲများ ပြင်းထန်လျက်ရှိသည်။

“ရှေ့ဆက်တိုက်ပွဲက ကျယ်လာဖွယ်ရှိပါတယ်” ဟု ဆလိုင်းထက်နီက ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။