Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အခမဲ့ ဝေငှပေးတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာတဲ့ စကော့တလန်

အခု သီတင်းပတ်ကစလို့ ဓမ္မတာကိစ္စ လစဉ်သုံး ပစ္စည်းတွေ လိုအပ်တဲ့ အမျိုးသမီးတွေဟာ နီးစပ်ရာ ဆေးဆိုင်တွေ၊ လူမှုကယ်ဆယ်ရေး စင်တာတွေမှာ အခမဲ့ တောင်းယူနိုင်တော့မယ်လို့ အစိုးရက ကြေညာပါတယ်။

အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အခမဲ့ ဝေငှပေးတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာတဲ့ စကော့တလန်
အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ အခမဲ့ ဝေငှပေးတဲ့ ပထမဆုံး နိုင်ငံ ဖြစ်လာတဲ့ စကော့တလန်

အမျိုးသမီး လစဉ်သုံး ကျန်းမာရေး ပစ္စည်းတွေ အလုံးစုံ အခမဲ့ မျှဝေပေးတဲ့ ပထမဆုံး နိုင်ငံအဖြစ် စကော့တလန်က မှတ်တမ်း ဝင်လာခဲ့ပါတယ်။

အခု သီတင်းပတ်ကစလို့ ဓမ္မတာကိစ္စ လစဉ်သုံး ပစ္စည်းတွေ လိုအပ်တဲ့ အမျိုးသမီးတွေဟာ နီးစပ်ရာ ဆေးဆိုင်တွေ၊ လူမှုကယ်ဆယ်ရေး စင်တာတွေမှာ အခမဲ့ တောင်းယူနိုင်တော့မယ်လို့ အစိုးရက ကြေညာပါတယ်။ ဒီအစီအမံကို ၂၀၂၀ ပြည့်နှစ်တုန်းက စကော့တလန် လွှတ်တော်မှာ အတည်ပြုခဲ့ပြီး အခုအခါ လက်တွေ့ စတင် အကောင်အထည် ဖော်လာတာပါ။

အရည်အသွေး ပြည့်မီတဲ့ လစဉ်သုံး ပစ္စည်းတွေကို အခမဲ့ ဖြန့်ဝေပေးခြင်းဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု စနစ်ကို မြှင့်တင်ပေးပြီး ဂုဏ်သိက္ခာပိုင်းနဲ့ တန်းတူညီမျှ ရှိမှုတွေအတွက် အခြေခံ လိုအပ်ချက်တွေလို့လည်း ဆိုနိုင်ကြောင်း စကော့တလန် အစိုးရရဲ့ လူမှုတရားဆရေးဌာန ဝန်ကြီး ရှိနာရိုဘင်ဆင်က ထုတ်ပြန်ပါတယ်။

လူနေမှုစရိတ်တွေ ကြီးမြင့်လာတဲ့ မျက်မှောက်ခေတ်မျိုးမှာ အခုလို အခမဲ့ မျှဝေမှုမျိုးတွေဟာ ပိုလို့တောင် လိုအပ်လာဦးမယ်လို့လည်း သူက ပြောပါတယ်။ စကော့တလန် အမျိုးသမီး လွှတ်တော်အမတ် တစ်ဦးဖြစ်တဲ့ မော်နီကာ လင်နွန်ကလည်း ဒီလို အစီအမံမျိုးကို ကမ္ဘာပေါ်မှာ ပထမဆုံး အကောင်အထည် ဖော်နိုင်တဲ့ နိုင်ငံအဖြစ် စကော့တလန်က ရပ်တည်နိုင်ခဲ့တဲ့အပေါ် အရမ်းဂုဏ်ယူမိကြောင်း ပြောပါတယ်။ သူဟာ ဒီကိစ္စ အထမြောက်လာအောင်၂၀၁၆ မှာ စတင် အဆိုတင်သွင်း လှုံ့ဆော်ခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

နယူးဇီလန်နဲ့ ကင်ညာတို့လို နိုင်ငံတွေဟာ စာသင်ကျောင်းတွေမှာ အမျိုးသမီး လစဉ်သုံး ကျန်းမာရေး ပစ္စည်းတွေ အခမဲ့ ဝေငှပေးနေပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ စီမံဖြည့်ဆည်းပေးနိုင်တာကတော့ စကော့တလန်ဟာ ပထမဆုံးပါပဲ။ အမေရိကန်လို နိုင်ငံမျိုးမှာ အမျိုးသမီး လစဉ်သုံး ပစ္စည်းတွေ စုံစုံလင်လင် စုပြီး ထုပ်ပိုးပေးထားတဲ့ အထုပ်တစ်ထုပ်အတွက် ၇ ဒေါ်လာကနေ ၁၀ ဒေါ်လာကြား တန်ဖိုး ကျသင့်ပါတယ်။

အမေရိကန်လို နိုင်ငံမျိုးမှာတောင် ကောလိပ် ကျောင်းတက်နေတဲ့ အမျိုးသမီး စုစုပေါင်းရဲ့ ၁၄ ရာခိုင်နှုန်းလောက်ဟာ လစဉ်သုံး ပစ္စည်းတွေ ပုံမှန်ဝယ်ယူဖို့ ငွေရေးကြေးရေးအရ အကျပ်ရိုက်ရလေ့ ရှိတယ်လို့ ဆိုပါတယ်။ အဲဒီထဲမှာ အများစုက လူမည်းနဲ့ လက်တင် အနွယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ အမျိုးသားပုံစံဝတ်ဆင်နေထိုင်တဲ့ ပစ္စည်းတွေသယ်ယူပို့ဆောင်ပေးသူ(Delivery) အမျိုးသမီးတစ်ဦး ပစ္စည်းပို့ရင်း ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။

သတင်း

ဆောမြို့နယ်အတွင်းရောက်ရှိနေတဲ့စစ်တပ်စစ်ကြောင်းက ​ဒေသခံအမျိုးသမီးတွေကိုပစ်မှတ်ထားပြီး ဆိုးရွားတဲ့ လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းမှုတွေ ကျူးလွန်ဖို့ကြိုးစားနေတယ်လို့ တော်လှန်‌ ရေးတပ်ဖွဲ့တွေကပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ချောင်းသာကမ်းခြေဒေသမှာ ‌ကလေးငယ်တစ်ဦးနဲ့ အမျိုးသမီးတစ်ဦး သတ်ဖြတ်ခံရပြီးစွန့်ပစ်ထားတဲ့ရုပ်အလောင်းကိုဒေသခံတွေက တွေ့ရှိခဲ့ကြပါတယ်။

သတင်း

ရန်ကုန်၊ လှိုင်သာယာမြို့မှာ စတိုးဆိုင်ထဲကို ဝင်ခိုးတယ်ဆိုတဲ့ သားအမိနှစ်ဦးကို ဆိုင်ရှင်က ဖမ်းဆီးပြီး ကြိုးတုပ်ထားတဲ့ ဗီဒီယိုဖိုင် လူမှုကွန်ရက်မှာ ထွက်ပေါ်လာပြီးတဲ့နောက် ဆိုင်ရှင်ရဲ့လုပ်ရပ်အပေါ် ဝေဖန်နေကြပါတယ်။