Connect with us

Hi, what are you looking for?

သတင်း

ကော့ကရိတ်မြို့တိုက်ပွဲများအပြီး တိုက်ပွဲများဆက် ဖြစ်နေ

ဩဂုတ် ၁၅ရက် နံနက်ပိုင်းတွင် ကော့ကရိတ်ရဲစခန်းအပါအဝင် နေရာအများအပြားကို ပူးပေါင်း တပ်က ဝင်ရောက်တိုက်ခိုက်ရာ ရဲမှူးအပါအဝင် ၁၂ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

ကော့ကရိတ်မြို့တိုက်ပွဲများအပြီး တိုက်ပွဲများဆက် ဖြစ်နေ
ကော့ကရိတ်မြို့တိုက်ပွဲများအပြီး တိုက်ပွဲများဆက် ဖြစ်နေ

▪️မောင်းမရွာသစ်အနီးတိုက်ပွဲ စစ်ကောင်စီတပ် အထိနာ၊လက်နက်ခဲယမ်းများရဟု ဒေသခံပြော

ကရင်ပြည်နယ် ကော့ကရိတ်မြို့ရှိ စစ်ကောင်စီတပ်စွဲရာနေရာများကို ကရင်အမျိုးသားအစည်းအရုံး (KNU)ဦးဆောင်သည့် ပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ယင်းနေ့ညပိုင်းကစ၍ တိုက် ပွဲများ နေ့စဉ်ဖြစ်ပွားနေသည်ဟု ဒေသခံက ပြော သည်။

ဩဂုတ် ၁၅ရက် နံနက်ပိုင်းတွင် ကော့ကရိတ်ရဲစခန်းအပါအဝင် နေရာအများအပြားကို ပူးပေါင်း တပ်က ဝင်ရောက်တိုက်ခိုက်ရာ ရဲမှူးအပါအဝင် ၁၂ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်ဟု ဆိုသည်။

“၁၅ရက်နေ့ ညအချိန်မှာ မောင်းမရွာသစ်ကနေ အရင်တုန်းက ကိုဗစ်ဂိတ်ထောင်ထားတဲ့နေရာကို စစ်တပ်ကရွာသစ်ကို နေရာယူဖို့ တိုးလာတယ်။ အဲဒီညတုန်းက ၁၂နာရီအထိဖြစ်တယ်။ အဲဒီအချိန်မှာ သူတို့လည်းတော်တော်လေး ထိခိုက်နစ်နာမှုတွေရှိတယ်။ ဆုံးရှုံးမှုတွေများတယ်။ သိရသလောက် ဒီဘက် က တပ်ပေါင်းစုတွေက လက်နက်ခဲယမ်းမီးကျောက်တွေ အများအပြား သိမ်းမိတယ်”ဟု ကော့ကရိတ် ဒေသခံက ပြောသည်။

ကော့ကရိတ်မြို့တိုက်ပွဲများအပြီး တိုက်ပွဲများဆက် ဖြစ်နေ
ကော့ကရိတ်မြို့တိုက်ပွဲများအပြီး တိုက်ပွဲများဆက် ဖြစ်နေ

နောက်ရက်များ၌လည်း သာယာကုန်း၊ တမိုင်ကုန်း၊ ရွာသစ်ကုန်း ဒေသများ၌ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်လည်း ပစ်ခတ်ခဲ့သည်။

Public Service Announcement

Public Service Announcement

“လူတွေ(ဒေသခံ)တော့ သေကြေမှု ထိခိုက်မှုတော့ ထပ်မရှိသေးဘူး။ လူတွေက ကျင်းပုန်း (ဗုံးခိုကျင်း) ထဲကိုဝင်။ တချို့က ကျင်းပုန်းက ရေဝပ်နေတော့ ရေထဲမှာနေရတာမျိုးလည်းရှိတယ် အသံထွက်ပြီဆို သူတို့ ပြေးဝင်ပြီပေါ့ အဲဒီလို ပုံစံတော့ရှိတယ်”ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က မြို့လုံခြုံရေးကိုပိုမိုတင်းကြပ်စွာလုပ်ဆောင်လာ၍ ဒေသခံများသွားလာရေး အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။

” မြို့ထဲဝင်ဖို့ အကြပ်အတည်းတော်တော်ဖြစ်တယ်။ အခုအချိန်ထိမြို့ထဲကို စျေးကြို၊ စျေးဝယ် မသွားရဲတဲ့ ပုံစံဖြစ်တယ်။မြို့ထဲမှာ သူတို့က တင်းကြပ်မှုတွေ တအားလုပ်နေတော့စစ်ဆေး မေးမြန်းမှုတွေလုပ်နေတော့ ဒေသခံ လူထုတွေက ဘယ်သူမှသွားလာမှုတွေ သွားလို့မရဲကြ တော့ဘူး”ဟု ကော့ကရိတ်ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

အနာဂတ်ကာလမှာ ကိုယ့်ကံကြမ္မာကိုယ်ဖန်တီးပြီး စီမံအုပ်ချုပ်နိုင်ဖို့နေရာကဏ္ဍ အသီးသီးမှာ ရှိနေတဲ့ အနာဂတ်မျိုးဆက်သစ်များအားမွေးထုတ်သွားကာ ကရင်ပြည် “ကော်သူးလေ”ထူထောင်ရေးကိုအတူတကွ အင်တိုက်အားတိုက်ကြိုးပမ်းဖော်ဆောင်တည်ဆောက်ကြဖို့ တိုက်တွန်းကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။