ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့ လမ်းမပေါ်တွင် အကြမ်းဖက်စစ်ကောင်စီတပ် ထောင်ထားသည့် နင်းမိုင်၊ဆွဲမိုင်း နှင့် ကားမိုင်းများကို ရှင်းလင်းနိုင်ခဲ့ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)B -19 က ထုတ်ပြန်သည်။
ယမန်နေ့(သြဂုတ် ၁၉ ရက်)က တွေ့ရှိခဲ့သည့်မိုင်းများသည် ရူးဖယ်ခူရပ်ကွက် ၊ကယားလီးဖူး နှစ်ခြင်းဘုရားကျောင်းရှေ့တွင်ဖြစ်ပြီး ၁၆ မိုင်း ခုနစ်လုံး၊ ၁၄ မိုင်း တစ်လုံး ၊ ဆွဲမိုင်းတစ်လုံးနှင့် ကားမိုင်းတစ်လုံး ဖြစ်သည်။



“စစ်ကောင်စီက အများပြည်သူအသုံးပြုနေတဲ့ လမ်းတွေပေါ်မှာ ရည်ရွယ်ချက်ရှိရှိနဲ့ မိုင်းတွေထောင်ထားနေကြဖြစ်တယ်”ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့ကြောင့် ပြည်သူများအနေဖြင့် အသွားအလာအထူးသတိထားကြရန် နှင့် လမ်းခရီးများအသုံး ပြုလျှင်လည်း သက်ဆိုင်ရာတပ်ရင်းများအား မေးမြန်းစုံစမ်း၍သွားကြရန် KNDFက တိုက်တွန်း သည်။

Public Service Announcement
အကြမ်းဖက်စစ်ကောင်စီတပ်၏ မတရားအာဏာသိမ်းပြီး နောက်ပိုင်း ကရင်နီဒေသတွင် တိုက်ပွဲများစွာဖြစ်ပွားခဲ့ပြီး ဒီးမော့ဆို မြို့နယ်မှာ စစ်ဘေးရှောင် အရေအတွက် သောင်းနှင့်ချီရှိခဲ့ပြီး လက်ရှိအချိန်ထိမြို့ကို စွန့်ခွာနေရဆဲ ဖြစ်သည်။
ထို့အပြင် ယခုလဆန်းပိုင်းကစ၍ ဒီးမော့ဆို မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက အင်အားတိုးချဲ့ကာ ထိုးစစ်ဆင်လျှက်ရှိပြီး ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသည်။


















































